Thursday, June 25, 2020

ရသေ့တောင်တွင် တပ်မတော်စစ်ကြောင်းတစ်ခုအား AA အဖွဲ့မှ စစ်ရှောင်စခန်းအနီး မိုင်းခွဲတိုက်ခိုက် ခဲ့မှုကြောင့် အရပ်သား တစ်ဦးဒဏ်ရာရ ဒေသခံများ စိုးရိမ်ထိတ်လန့် ကာ တိုက်ပွဲလွတ်ရာသို့ ထွက်ပြေး

ရသေ့တောင်တွင် တပ်မတော်စစ်ကြောင်းတစ်ခုအား AA အဖွဲ့မှ စစ်ရှောင်စခန်းအနီး မိုင်းခွဲတိုက်ခိုက် ခဲ့မှုကြောင့် အရပ်သား တစ်ဦးဒဏ်ရာရ ဒေသခံများ စိုးရိမ်ထိတ်လန့် ကာ တိုက်ပွဲလွတ်ရာသို့ ထွက်ပြေး
ဇွန်-၂၅၊


ရသေ့တောင်တွင် တပ်မတော်စစ်ကြောင်းတစ်ခုအား AA အဖွဲ့မှ တိုက်ပွဲရှောင်စခန်းအနီး မိုင်းခွဲ တိုက်ခိုက်ခဲ့မှုကြောင့် အရပ်သားတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒေသခံများ စိုးရိမ်ထိတ်လန့်ကာ တိုက်ပွဲ လွတ်ရာသို့ ထွက်ပြေး နေရကြောင်း ဒေသခံများထံမှ သိရှိရသည်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့တွင် မစဲကမ်းအနီး မေယုမြစ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်ရေယာဉ်အား ယနေ့ ၂၀၂၀ခုနှစ်၊ ဇွန်လ၊ ၂၄ ရက်နေ့နံနက် (၅)နာရီအချိန်ခန့်တွင် AA အကြမ်းဖက်သောင်းကျန်းသူများမှ ရေတပ်သင်္ဘောအား ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တပ်မတော်ရေယာဉ်အားမထိဘဲ အနီးရှိကျေးရွာပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ဒေသခံများ နံနက်ပိုင်းတွင် ထွက်ပြေးခဲ့ကြရသည်။ ညနေပိုင်း ၄ နာရီခွဲခန့်တွင်လည်း ရသေ့တောင်မြို့အပြင်ဘက် မြို့မှ ၅ဖါလုံခန့်ဝေးသော ပြားချောင်းကြီးတံတားထိပ်တွင် AA အဖွဲ့မှ တပ်မတော်စစ်ကြောင်း တစ်ခုအား မိုင်းကွဲတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲရှောင်စခန်းထဲတွင် ဆက်လက်နေထိုင်နေသောကြောင့် ရွာလုံးကျွတ်နီးပါထပ်မံ ထွက်ပြေး ခဲ့ကြရသည်။

“ ညနေ(၄)နာခွဲလောက်မှာ တပ်စစ်ကြောင်းဖြတ်သွားတာတွေ့လိုက်တယ်၊ သိမ်မကြာဘူး ဝုန်း ဆိုပြီး မိုင်းပေါက်ကွဲသံကြားတယ်၊ ပြီးတော့ လက်နက်ငယ်/ လက်နက်ကြီးအသံတွေဆက်တိုက်ကြားနေခဲ့ရတယ်၊ တိုက်ပွဲက (၅)နာရီလောက်မှာ ပြီးသွားတယ်၊ မိုးချုပ်တဲ့အချိန်မှာ AA ကအဖွဲ့တွေ ထမ်းစင်တွေနဲ့ စစ်ရှောင်စခန်းထဲ ပြန်၀င်လာတာတွေတွေရတယ်၊ စစ်ရှောင်တာ၀န်ခံက သူတို့နေရင် တိုက်ပွဲထပ်ဖြစ်မှာဆိုးလို့ သူတို့ကိုမနေဖို့ပြောပေမယ့် ဆက်နေနေလို့ စစ်ရှောင်မှာမနေရဲတော့တာနဲ့ အကုန်ထွက်ပြေးလာကြတာ”ဟု ရွှေပါရမီစစ်ဘေးရှောင်စခန်းနေထိုင်သူတစ်ဦးကပြောသည်။
AA အဖွဲ့မှ ရွှေပါရမီတိုက်ပွဲရှောင်ဘေးရှောင်စခန်းအနီး မိုင်းခွဲတိုက်ခိုက်မှုကြောင့် စခန်းတွင် နေထိုင်သည့် ဦးမောင်အေးညွန့် အသက်(၅၀)ဝန်းကျင် ဒဏ်ရာရရှိကြောင်းသိရှိရပြီး ယနေ့နံနက်တွင် စစ်တွေဆေးရုံသို့ခေါ်ဆောင်လာပြီဖြစ်ကြောင်း လူနာသွားရောက်ခေါ်ဆောင်လာသည့် ကိုဘက္ကာနှင့် ပရဟိတညီအစ်ကိုမောင်နှမများဖောင်ဒေးရှင်းမှ တာ၀န်ရှိသူတစ်ဦးက May Yu Htar Nayသို့ အတည်ပြု ပြောသည်။
Image may contain: 3 people, people sitting, child and outdoor
ထိုကဲ့သို့ AA အကြမ်းဖက်သောင်းကျန်းသူများမှ တိုက်ပွဲရှောင်စခန်းတွင် ခိုအောင်းနေထိုင်ကာ တိုက်ပွဲများဖန်တီးနေသောကြောင့် ရွှေပါရမီဘုန်းကြီးကျောင်းတွင် ဖွဲ့လှစ်ထားသည့် တိုက်ပွဲရှောင်စခန်းမှ လူဦးရေ၁၃၀၀ခန့်ဟာ တဲအစောင့်အနည်းငယ်သာထားရှိပြီး ကျန်သူများလုံးမြို့ထဲသို့ ထွက်ပြေး သွားကြသည် ဟု လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်မှ အတည်ပြုပြောကြားသည်။

Photo- ဘက္ကာဖေ့ဘွခ်
# May Yu Htar Nay

0 comments:

Post a Comment