Sunday, June 28, 2020

အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်၍ စာသင်ကျောင်းများအား ကရိုရင်းပိုးသတ်ဆေးဖျန်းခြင်းဆောင်ရွက်ပေး

အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်၍ စာသင်ကျောင်းများ အား ကရိုရင်းပိုးသတ်ဆေးဖျန်းခြင်းဆောင်ရွက်ပေး

မိတ္ထီလာ၊ ဇွန်-၂၈

Image may contain: outdoor
Image may contain: one or more people, people standing and people sitting
တပ်မတော်သည် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019(Covid-19) ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးများလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီဆောင်ရွက်လျှက်ရှိပြီးအခြေခံပညာစာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်၍ ကျောင်းသန့်ရှင်းသာယာလှပရေးလုပ်ငန်းများ၊ ဆေးဖျန်းပေးခြင်းများဆောင်ရွက်ပေးလျှက်ရှိရာ ယနေ့တွင် အလယ်ပိုင်းတိုင်း စစ်ဌာန ချုပ် မိတ္ထီလာတပ်နယ်၊ နယ်မြေခံ တပ်မတော်သားများက မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ် ညောင်ပင်ကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ ပြင်စည် ကျေးရွာအခြေခံပညာအထက်တန်းကျောင်း၊ ကနားကျေးရွာအခြေခံပညာအလယ်တန်း ကျောင်းများတွင် စာသင်ခန်းများ၊ အစည်းအဝေးခန်းများ၊ ဆရာ၊ဆရာမ နားနေခန်း များနှင့် ကျောင်းဝင်းအတွင်း နေရာများအား COVID-19 ကူးစက်ရောဂါ ကာကွယ် ရေး ကရိုရင်းပိုးသတ်ဆေးရည်ဖျန်းခြင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
Image may contain: people standing and outdoor
Image may contain: one or more people, people sitting, tree, outdoor and nature
Image may contain: one or more people and people standing
ထီလာမြေ

0 comments:

Post a Comment