Wednesday, June 24, 2020

တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများက မြန်မာ့ရိုးရာလက်ဝှေ့ပညာရှင်အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ ရိက္ခာအမယ် ၄ မျိုးနှင့် COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများပေးအပ် လှူဒါန်း

တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများက မြန်မာ့ရိုးရာလက်ဝှေ့ပညာရှင်အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ ရိက္ခာအမယ် ၄ မျိုးနှင့် COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများပေးအပ် လှူဒါန်း

နေပြည်တော်၊ ဇွန်- ၂၄


COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး သွားလာမှု ကန့်သတ်ချက်များ ရှိလာသဖြင့် မြန်မာ့ရိုးရာ လက်ဝှေ့ပညာရှင်များ စားသောက်ရေး အဆင်ပြေစေရန်အတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက ဆန်၊ဆီ၊ ဆား၊ပဲ ရိက္ခာအမယ် ၄ မျိုးနှင့် COVID-19 ရောဂါ ကာကွယ်ရေး အထောက်အကူ ပြုပစ္စည်းများပေးအပ် လှူဒါန်းခြင်းကို ယနေ့ နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ဦးဝိဇာရလမ်းရှိ တပ်မတော် ခန်းမ၌ ပြုလုပ်သည်။

ရှေးဦးစွာ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်ပုံက လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် တပ်မတော်(ကြည်း၊ရေ၊လေ) မိသားစုများက လှူဒါန်းသည့် ဆန်၊ဆီ၊ ဆား၊ပဲ ရိက္ခာအမယ် ၄ မျိုးနှင့် COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံ ရိုးရာ လက်ဝှေ့အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

အဆိုပါလှူဒါန်းပွဲတွင် လက်ဝှေ့ပညာရှင်တစ်ဦးလျှင် ရိက္ခာအမယ် ၄ မျိုးဖြစ်သည့် ဆန် ၆ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ဆား ၅၀ ကျပ်သား၊ ပဲ ၅၀ ကျပ်သား၊ ကြက်ဥ ၁၀ လုံးကို လည်းကောင်း၊ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်သို့ COVID-19 ရောဂါ ကာကွယ်ရေး အထောက် အကူပြုပစ္စည်းများဖြစ်သည့် Surgical Mask ၁၀၀၀ ခုနှင့် ရေမလိုလက်သန့် ဆေးရည် ၁၀ ဘူးတို့ကိုလည်းကောင်း ပေးအပ်လှူဒါန်းခဲ့ ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment