တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရုရှား ဖက်ဒရေးရှင်း နိုင်ငံ Victory Day of Great Patriotic War (၇၅)နှစ်မြောက် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားသို့ တက်ရောက်
နေပြည်တော်၊ ဇွန် - ၂၄

နေပြည်တော်၊ ဇွန် - ၂၄





တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင် သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရုရှားဖက်ဒရေး ရှင်းနိုင်ငံ၊ မော်စကိုမြို့ရှိ ကရင်မလင်နန်းတော် ရင်ပြင်နီ၌ ကျင်းပပြုလုပ်သည့် Victory Day of Great Patriotic War (၇၅)နှစ်မြောက် အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားသို့ ပါဝင်တက်ရောက်သည်။
အဆိုပါ စစ်ရေးပြအခမ်းအနားသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံအပါအဝင် လွတ်လပ်သောဓနသဟာယအဖွဲ့ဝင်နိုင်ငံများ၏ အထွတ်အမြတ်ထားရာ အခမ်းအနား တစ်ခုဖြစ်ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ Vladimir Putin၊ ကာကွယ်ရေးဝန်ကြီး Army General Sergei Kuzhugetovich Shoigu ၊ စစ်ဘက် အရပ်ဘက်မှ အကြီးအကဲများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ နိုင်ငံပေါင်း ၁၂ နိုင်ငံမှ သမ္မတများ၊ နိုင်ငံပေါင်း ၁၇ နိုင်ငံမှ တပ်မတော်အကြီးအကဲများ၊ ကာကွယ်ရေးဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြား ထားသည့် ဧည့်သည်တော်ကြီးများတက်ရောက်ကြပြီး ပွဲကြည့်စင်နှင့် နေရာထိုင်ခင်းများအား Social Distancing Rulesများအတိုင်း နေရာယူကြသည်။
ဦးစွာ စစ်ရေးပြအခမ်းအနား၌ ပါဝင်ချီတက်ကြမည့် လူဦးရေ ၁၄၀၀၀ ခန့်ပါဝင်သည့် စစ်ရေးပြ စစ်ကြောင်း၊ တပ်ခွဲများက စစ်ရေးပြကျင်းပမည့်နေရာသို့ ရောက်ရှိ နေရာယူကြပြီးနောက် ကာကွယ်ရေးဝန်ကြီး Army General Sergei Kuzhugetovich Shoigu က တပ်ခွဲစစ်ကြောင်းများအား လိုက်လံကြည့်ရှု စစ်ဆေးသည်။ ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ Vladimir Putin ထံသို့ အလေးပြု တန်းအပ်ရာ သမ္မတက မိန့်ခွန်းပြောကြားသည်။
ယင်းနောက် စစ်ရေးပြအစီအစဉ်အတိုင်း စစ်ရေးပြမှူး ရုရှားတပ်မတော် ကြည်းတပ် ဦးစီးချုပ် Colonel General Oleg Solyukov ဦးဆောင်၍ စစ်ကြောင်း တပ်ခွဲများ၊ ယာဉ်ယန္တရားတပ်ခွဲများ၊ စစ်တီးဝိုင်းတပ်ခွဲများက စစ်ကြောင်းပုံဖြင့်ချီတက် အလေးပြု ကြပြီး ရုရှားတပ်မတော်လေမှ လေယာဉ်၊ ရဟတ်ယာဉ်များကလည်း လေယာဉ် ကျွမ်းကျင်မှုအလှပြများဖြင့် ပျံသန်းအလေးပြုကြသည်။ အဆိုပါ စစ်ရေးပြစစ်ကြောင်း၊ တပ်ခွဲများ၌ ပြည်ပ နိုင်ငံ ၁၃ နိုင်ငံမှ တပ်ဖွဲ့ဝင် ၁၄၀၀ ဦးခန့်သည်လည်း စစ်ရေးပြ တွင်ပါဝင်ဆင်နွဲခဲ့ကြသည်။
ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတသည် စစ်ရေးပြအခမ်းအနားမှ ပြန်လည် ထွက်ခွာသွားခဲ့ပြီး Victory Day of Great Patriotic War (၇၅)နှစ် မြောက် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။
၁၉၃၉ ခုနှစ်မှ စတင်ခဲ့သော ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားပြီးနောက် ၁၉၄၅ ခုနှစ်၊ မေလ ၈ ရက်တွင် နာဇီတို့သည် ဂျာမနီနိုင်ငံ၊ ဘာလင်မြို့၌ မဟာမိတ်တပ် များနှင့် ဆိုဗီယက်ပြည်ထောင်စုထံ စစ်ရှုံးကြောင်း အညံ့ခံ လက်မှတ်ရေးထိုးခဲ့ကြောင်း၊ အချိန်ကွာခြားချက်အရ လက်မှတ်ရေးထိုးသည့်နေ့သည် မော်စကိုတွင် မေလ ၉ ရက်သို့ရောက်ရှိနေပြီဖြစ်သောကြောင့် ထိုနေ့ကို အစွဲပြု၍ ဆိုဗီယက်ပြည်ထောင်စု တွင် Victory Day အဖြစ်သတ်မှတ်ခဲ့ကြောင်း၊ ယခုနှစ် မေလ ၉ ရက်တွင် ပြည့်မြောက် သည့် ၇၄ နှစ်မြောက် Victory Day ကိုကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်ပွားမှုကြောင့် ရွှေ့ဆိုင်းခဲ့ပြီး ယခုအခါတွင် အတိုင်းအတာတစ်ခုအထိ ထိန်းချုပ် နိုင်ပြီဖြစ်၍ ၁၉၄၅ ခုနှစ်တွင်ပထမဦးဆုံး Victory Day ကျင်းပပြုလုပ်ခဲ့သည့် ဇွန်လ ၂၄ ရက်ကို ဂုဏ်ပြုသောအားဖြင့် ယနေ့တွင် ယခုကဲ့သို့ပြန်လည်ကျင်းပပြုလုပ်ခဲ့ ခြင်းဖြစ်ကြောင်း၊ Victory Day of Great Patriotic War အထိမ်းအမှတ် စစ်ရေးပြ အခမ်းအနားများကို ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ စစ်မှုထမ်းများ၊ နိုင်ငံသားများ မျိုးချစ်စိတ်ဓာတ်ရှင်သန် တက်ကြွစေရန် ရုရှားနိုင်ငံရှိ မြို့အသီးသီးတွင်လည်း ခမ်းနားကြီးကျယ်စွာ ကျင်းပ ပြုလုပ်လေ့ရှိကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
0 comments:
Post a Comment