Wednesday, June 24, 2020

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ ရုရှားတပ်မတော် ပင်မဘုရားရှိခိုး ကျောင်းတော်ကြီး သို့ သွားရောက် လေ့လာ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင် သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ ရုရှားတပ်မတော် ပင်မဘုရားရှိခိုး ကျောင်းတော်ကြီး သို့ သွားရောက် လေ့လာ

နေပြည်တော်၊ ဇွန် - ၂၄

ရုရှားဖက်ဒရေးရှင်းနိုင်ငံ Victory Day of Great Patriotic War (၇၅) နှစ် မြောက်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်း နိုင်ငံသို့ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ် အဖွဲ့သည် ဇွန် ၂၃ ရက်ဒေသစံတော်ချိန်မွန်းလွဲပိုင်းတွင် မော်စကိုမြို့၊ အနောက်တောင် ဘက် ကူဘင်ကာမြို့၊ မျိုးချစ်ပန်းခြံရှိ ရုရှားတပ်မတော် ပင်မဘုရားရှိခိုးကျောင်းတော် ကြီးMain Cathedral of the Russian Armed Forces သို့ သွားရောက် လေ့လာကြသည်။

ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရုရှားတပ်မတော် ပင်မ ဘုရားရှိခိုးကျောင်းတော်ကြီးသို့ ရောက်ရှိကြရာ တာဝန်ရှိသူများ က ကျောင်းတော်ကြီး အတွင်းလိုက်လံရှင်းလင်းပြသကြသည်။ ထို့နောက် ပင်မဘုရား ရှိခိုးကျောင်းတော်ကြီး အနီးရှိ ပြတိုက်အတွင်းဝင်ရောက်၍ ဒုတိယကမ္ဘာစစ် ဖြစ်ပွား စဉ်ကာလအတွင်း အသုံးပြုခဲ့သည့် လက်နက်၊ ခဲယမ်း၊ ချပ်ဝတ်တန်ဆာနှင့် အသုံး အဆောင်ပစ္စည်းများ၊ ဆေးတပ်ဖွဲ့ဆိုင်ရာအသုံးအဆောင်ပစ္စည်းများ၊ ဆက်သွယ်ရေး အသုံးအဆောင် ပစ္စည်းများနှင့် စစ်ပွဲများအကြောင်းကို Program များဖြင့် ပြုလုပ်ပြသ ထားမှုများအား လေ့လာကြည့်ရှုခဲ့ကြပြီး သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့သည်။

အဆိုပါ ရုရှားတပ်မတော် ပင်မဘုရားရှိခိုးကျောင်းတော်ကြီးကို ၂၀၂၀ ပြည့် နှစ်၊ မေလ ၉ ရက်တွင် ကျရောက်သော Victory Day of Great Patriotic War (၇၅) နှစ်မြောက်အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ရုရှား တပ်မတော် ၏ ဗဟိုစစ်ဘက်ဆိုင်ရာ ကျက်သရေဆောင်နေရာ Center of Military Glory ဖြစ်လာစေရန်နှင့် သမိုင်းတစ်လျှောက် အကြမ်းတမ်းဆုံး၊ သွေးထွက်သံယိုမှု အများဆုံး စစ်ပွဲကြီးတွင် ကျဆုံးခဲ့ကြသည့် ရုရှားစစ်သည်တော်များကိုအမှတ်တရ ဖြစ်လာစေရန် ရည်ရွယ်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၉၆ မီတာ အမြင့်ရှိသော ပင်မအဆောက်အဦ အပါအဝင် ၇၅ မီတာအမြင့်ရှိ ခေါင်းလောင်းစင်နှင့် အခြား အဆောက်အဦငယ် ၃ ခု၊ ပြတိုက် ၄ ခုနှင့် ပန်းခြံများထည့်သွင်း ဆောက်လုပ်ထားပြီး ၆ လတာကာလအတွင်း နိုင်ငံတွင်းရှိ ဗိသုကာပညာရှင်၊ ပန်းချီပညာရှင် အကျော်အမော် ၄၀၀၀ ကျော်ဖြင့် နေ့ရောညပါ တည်ဆောက် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ် ကြောင်း၊ စစ်စိမ်းရင့်ရောင် ပင်မဘုရားကျောင်းတော်ကြီး၏ ဝင်ပေါက်တိုင်းရှိ လှေခါးထစ်များကို ဒုတိယကမ္ဘာစစ် အတွင်း သိမ်းဆည်းရမိသော နာဇီတင့်ကားများ၊ လက်နက်များဖြင့် အရည်ကြိုပုံသွင်း တည်ဆောက်ထားခြင်းဖြစ်ပြီး သိမ်းဆည်းရမိသော နာဇီခေါင်းဆောင်ဟစ်တလာ၏ ကိုယ်ပိုင်အသုံးအဆောင်ပစ္စည်းများကိုပါ ခင်းကျင်း ပြသထားကြောင်း၊ ဘုရားကျောင်း တော်ကြီး၏ အချိုးအစားများ၊ အတိုင်းအတာများကို သမိုင်းဆိုင်ရာနှင့် ဒုတိယ ကမ္ဘာစစ်တွင် နာဇီကိုအနိုင်ရခဲ့သော အောင်ပွဲနေ့ဆိုင်ရာ အချက်အလက်များပေါ်တွင် အခြေခံ၍ ရေးဆွဲဖွဲ့စည်းတည်ဆောက်ထားခြင်း ဖြစ်ကြောင်း၊ ပင်မကျောင်းတော်ကြီး ၏ အမိုးခုံးအချင်းမှာ ၁၉ ဒသမ ၄၅မီတာ ဖြစ်ပြီး အလေးချိန်မှာ တန် ၈၀ ရှိကာ အမိုးခုံးအောက်ခံခုံအဝိုင်းပတ်တွင် ပြူတင်းပေါက် ၈ ပေါက်ရှိပြီး အမိုးခုံးကြီး၏ အမြင့်မှာ ၂၂ ဒသမ ၄၃ မီတာအဖြစ်တည်ဆောက်ထား ခြင်း၏ အဓိပ္ပါယ်မှာ ဒုတိယ ကမ္ဘာစစ်တွင် နာဇီတို့ အကြွင်းမဲ့လက်နက်ချကြောင်း လက်မှတ် ရေးထိုးထားသည့် ၁၉၄၅ ခုနှစ်၊ မေလ ၈ ရက်၊ ည ၁၀ နာရီ ၄၃ မိနစ်ကို အတိအကျရည်ညွှန်း လိုခြင်းပင်ဖြစ်ကြောင်း၊ ဒုတိယအမိုးခုံးငယ် အချင်း အတိုင်းအတာ မှာ ၁၄ ဒသမ ၁၈ မီတာရှိပြီး ဒုတိယကမ္ဘာစစ်စတင်သည်မှ ပြီးဆုံးသည်ထိ(၁၉၄၁-၁၉၄၅) ရက်ပေါင်း ၁၄၁၈ ရက်ကြာမြင့်ခဲ့သည်ကို ဖော်ဆောင်လိုခြင်းဖြစ်ကြောင်း၊ ဘုရားကျောင်းကြီး၏ အတွင်းဘက်နံရံများကို ဆိုဗီယက်ရုရှားခေါင်းဆောင်ကြီးများ၏ ပုံများ၊ တပ်နီတော် နှင့် ခေတ်သစ်ရုရှားတပ်မတော်ပုံ ကျောက်စီပန်းချီကားများဖြင့် သေသပ်လှပစွာ အလှဆင်ထားပြီး ကျောက်စီပန်းချီကားရေးဆွဲရာတွင် အသုံးပြုထားသော လက်မဝက် ခန့်အကျယ် ကျောက်ချပ်အသေးတစ်ခုစီ၏ မျက်နှာပြင်တိုင်းတွင် ဒုတိယကမ္ဘာစစ်တွင် ကျဆုံးသွားခဲ့သည့် ရုရှားစစ်သည်တော်များ၏ဓာတ်ပုံများဖြင့် ရိုက်နှိပ်ဂုဏ်ပြုထား ကြောင်းသိရှိရသည်။

ထို့ပြင် ပြတိုက်အတွင်း၌လည်း စစ်ပွဲအတွင်းအသုံးပြုခဲ့သည့် လက်နက်၊ ခဲယမ်း၊ ချပ်ဝတ်တန်ဆာနှင့် အသုံးအဆောင်ပစ္စည်းများ၊ ဆေးတပ်ဖွဲ့ဆိုင်ရာ အသုံး အဆောင်ပစ္စည်းများ၊ ဆက်သွယ်ရေးအသုံးအဆောင်ပစ္စည်းများနှင့် စစ်ပွဲဆိုင်ရာ အချက်အလက်များကို Graphics များဖြင့် အထူးပြုလုပ်ပုံဖော်ပြသထားပြီး ရုရှား တပ်နီတော် နှင့်အတူ နာဇီကို ပူးပေါင်းလက်တွဲတိုက်ခိုက်ခဲ့ကြသည့် နိုင်ငံအသီးသီး မှ တိုက်ပွဲဝင်ခဲ့ကြသူများ၏ ဓာတ်ပုံပေါင်း ၃၃၆၅၀၀၃၄ ပုံကိုလည်းပြတိုက်နံရံ တစ်လျှောက်တွင် ပုံဖော်ပြသထားကြောင်း၊ ပြတိုက်အားလုံး ကို ပတ်လမ်းအတိုင်း လှည့်လည်ကြည့်ရှုရာတွင်လည်း ခြေလှမ်းရေ ၁၄၁၈ လှမ်းရှိစေရန် တွက်ချက် တည်ဆောက်ထားကြောင်းနှင့် ပင်မဘုရားရှိခိုးကျောင်းတော်ကြီး အနီးတစ်ဝိုက်နှင့် အုတ်တံတိုင်းနံရံတို့တွင် စစ်ပွဲအတွင်းအသုံးပြုခဲ့ပြီး ပျက်စီးချို့ယွင်း ခဲ့သည့် ယာဉ်ယန္တရားများ၊ အသုံးအဆောင်ပစ္စည်းများအသုံးပြု၍ စစ်မြေပြင်ပုံစံတူနှင့် နံရံ ဆေးရေးပန်းချီများကိုလည်း ထည့်သွင်းပြုလုပ်ပြသထားကြောင်း သတင်းရရှိ သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment