Sunday, June 21, 2020

ကျေးရွာနေပြည်သူများအား ကျန်းမာရေး စစ်ဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက် ပေးခြင်းနှင့် ဘုန်းတော်ကြီးကျောင်းများအား ကရိုရင်းပိုးသတ်ဆေးဖျန်း

ကျေးရွာနေပြည်သူများအား ကျန်းမာရေး စစ်ဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက် ပေးခြင်းနှင့် ဘုန်းတော်ကြီးကျောင်းများအား ကရိုရင်းပိုးသတ်ဆေးဖျန်း

မိတ္ထီလာ၊ ဇွန်-၂၂

Image may contain: one or more people, people sitting, table and outdoor
Image may contain: outdoor
Image may contain: 1 person, standing and indoor
တပ်မတော်အနေဖြင့် COVID-19 ဖြစ်ပွားနေသောကာလတွင် ဆေးတပ်ဖွဲ့ဝင်များဖြင့် ကျေးရွာဒေသနေပြည်သူများကို ကျန်းမာရေးဆေးစစ်ပေးခြင်းများ ဆောင်ရွက်ပေး လျှက်ရှိရာ ယနေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မိတ္ထီလာတပ်နယ်မှ ဆေးဘက်ဆိုင်ရာ တပ်မတော်သားများက မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ လျော်ဖြူကန်ကျေးရွာအုပ်စု၊ ကန်တိုင်ပေါက်ကျေးရွာရှိ ကျေးရွာနေပြည်သူများအား အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးကုသပေးခြင်းနှင့် COVID-19 ကူးစက်ရောဂါ ကာကွယ်၊ထိန်းချုပ်ရာတွင် ဆောင်ရန်/ ရှောင်ရန် နည်းလမ်းများအား ဟောပြောပေးခြင်း၊ Mask များ လှူဒါန်းပေးခြင်း များကို လုပ်ဆောင်ပေးခဲ့ကြကြောင်း သိရှိရပါသည်။

ထို့အပြင် ၎င်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၊ ဘုရားစေတီ ရင်ပြင်တော်များအား COVID-19 ကူးစက်ရောဂါ ကာကွယ်ရေး ကရိုရင်းပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ထီလာမြေ

0 comments:

Post a Comment