Thursday, June 25, 2020

Covid-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများအတွက် ဆေးရုံသုံး ပစ္စည်းများ ဆက်လက်လှူဒါန်း

Covid-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများအတွက် ဆေးရုံသုံး ပစ္စည်းများ ဆက်လက်လှူဒါန်း

နေပြည်တော်၊ ဇွန် - ၂၅


တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ၊ ကျန်းမာရေးဌာနခွဲများ၌ ကာကွယ်ကုသရေးများတွင် အဆင်ပြေချောမွေ့စေရေး အတွက် ဆေးရုံသုံးပစ္စည်းများကို တပ်မတော်က ပေးပို့လှူဒါန်းလျက်ရှိသည်။

ယနေ့တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်အနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ဇီးကုန်းကျေးရွာ၊ နတ်သူရဲကျေးရွာ၊ လယ်ဝေး မြို့နယ်၊ အေးချမ်းသာကျေးရွာ၊ အင်းသာကျေးရွာ၊ သဲကောကြီးကျေးရွာများရှိ ကျေးလက် ကျန်းမာရေးဌာနနှင့် ဌာနခွဲများ၌လည်းကောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကုန်းကြမ်း၊ ကျောက်မဲနှင့် သိန်းနီတို့ရှိ ပြည်သူ့ဆေးရုံများ၊ နောင်ဖာနှင့် နမ့်မူဆယ်တို့ရှိ ကျေးလက်ကျန်းမာရေးဌာနများ၌ လည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီး မြို့နယ်၊ ဥက္ကံမြို့ရှိ ဥက္ကံတိုက်နယ်ဆေးရုံ၊ ကော့မှူးမြို့နယ်၊ ဝါးဘလောက်သောက် ကျေးရွာရှိ တိုက်နယ်ဆေးရုံ၊ ဒလမြို့နယ်၊ အမှတ်(၄)အခြေခံပညာ အထက်တန်း ကျောင်းနှင့် ကွမ်းခြံကုန်းမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းတို့၌ လည်းကောင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အထွေထွေ ရောဂါကု ပြည်သူ့ဆေးရုံကြီး၊ ပေါက်တောမြို့နယ်နှင့် မြေပုံမြို့နယ်တို့ အတွက် ပြည်နယ်ကျန်းမာရေးဦးစီးဌာန၌ လည်းကောင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့ပြည်သူ့ဆေးရုံနှင့် ခန္တီးမြို့ ခရိုင်ပြည်သူ့ ဆေးရုံတို့၌လည်းကောင်း တပ်မတော်ကလှူဒါန်းသော ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း Surgical Mask များ၊ ခွဲစိတ်ခန်းသုံးလက်အိတ်(Surgical Gloves) များ၊ N95 Maskများ၊ Personal Protective Equipment (PPE) ဝတ်စုံများ၊ မျက်မှန် (Goggles) များ၊ OT Cap များ၊ OT Gown များ၊ Face Shield များ၊ Plus Oxymeter(Finger Tip) များ၊ Non - Contact Infrared Thermometer များ၊ Examination Glove များ၊ Patient Monitor များ၊Infusion Pump များ၊ Syring Pump များ၊ သာမိုမီတာများနှင့် ရေမလိုလက်သန့်ဆေးရည်များကို တာဝန်ရှိသူများက ဆေးရုံအသီးသီးရှိ တာဝန်ရှိသူများထံသို့ ပေးအပ်လှူဒါန်းကြသည်။

ထို့ပြင် တိုင်းစစ်ဌာနချုပ်များနှင့် တပ်နယ်အသီးသီးများရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျန်းမာရေးဌာနခွဲများတို့တွင် တာဝန်ထမ်းဆောင်လျက် ရှိသော ကျန်းမာရေးဝန်ထမ်းများ၊ ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသော ပြည်သူ များနှင့် ဒေသခံပြည်သူများအတွက် ဆေးဝါးများနှင့် ဘီစကစ်၊ ကြက်ဥ၊ နွားနို့၊ ကုလားပဲ၊ ငှက်ပျောသီး၊ ပေါင်မုန့်၊ ခေါက်ဆွဲခြောက်၊ အိုဗာတင်း၊ ရွှေဖီဦးလဖက်ရည် ထုပ်၊ နို့ဆီ၊ သကြား၊ ကော်ဖီမစ်(စ်)၊ တီးမစ်(စ်) စသည့် အာဟာရဖြည့်စားသောက် ဖွယ်ရာများကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment