Saturday, June 27, 2020

ဘားအံမြို့နယ်ရှိ မြန်မာနိုင်ငံစာရေးဆရာများအသင်းသို့ စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်း

ဘားအံမြို့နယ်ရှိ မြန်မာနိုင်ငံစာရေးဆရာများအသင်းသို့ စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်း

နေပြည်တော်၊ ဇွန် - ၂၇


Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက် နေသည့် ကာလအတွင်းသွားလာမှုကန့်သတ်ချက်ရှိသဖြင့် တစ်ဖက်တစ်လမ်းမှအထောက်အကူ ဖြစ်စေရန်အတွက် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ မြန်မာနိုင်ငံစာရေးဆရာများ အသင်းသို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်က စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်း ခြင်းကို ယနေ့ နံနက်ပိုင်းတွင် နယ်မြေခံတပ်နယ်ခန်းမ ၌ပြုလုပ်ရာ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုမောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် မြန်မာနိုင်ငံ စာရေးဆရာများအသင်းမှ တာဝန်ရှိသူများတက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။ ထို့နောက် တိုင်းစစ်ဌာနချုပ်က မြန်မာနိုင်ငံစာရေးဆရာ များ အသင်း(ဘားအံမြို့နယ်)အတွက် လှူဒါန်းသည့် ဆန် ၂၄ အိတ်နှင့် ဆီ ၄၀ ပိဿာတို့ကို ပေးအပ်လှူဒါန်းရာ မြို့နယ်မြန်မာနိုင်ငံစာရေးဆရာများအသင်းဥက္ကဋ္ဌက လက်ခံရယူပြီး တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment