Monday, June 22, 2020

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ယနေ့ ရုရှားနိုင်ငံခရီးစဉ် အတွင်း မြန်မာနိုင်ငံတွင် ပိတ်မိနေသော ရုရှားနိုင်ငံသား ၁၉ ဦး အား လေယာဉ်နှင့် အတူ ခေါ်ဆောင်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ယနေ့ ရုရှားနိုင်ငံခရီးစဉ် အတွင်း မြန်မာနိုင်ငံတွင် ပိတ်မိနေသော ရုရှားနိုင်ငံသား ၁၉ ဦး အား လေယာဉ်နှင့် အတူ ခေါ်ဆောင်

နေပြည်တော်၊ ဇွန် - ၂၂
Image may contain: 2 people, people standing and indoor
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် Great Patriotic War(1941-1945)အောင်နိုင်မှု(၇၅)နှစ်မြောက် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI)လေယာဉ်ဖြင့် နေပြည်တော်တပ်မတော်လေဆိပ်မှ ထွက်ခွာသွားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ လေယာဉ်ဖြင့်ထွက်ခွာစဉ် ယခင် မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီး ပိတ်မိနေသည့် ရုရှားနိုင်ငံသား ၁၉ ဦး အား လေယာဉ်ဖြင့် တစ်ပါတည်း ခေါ်ဆောင်သွားကြောင်း သိရှိရပြီး မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံရုံးမှလည်း ထုတ်ပြန် ထားသည်။ အပြည်ပြည် ဆိုင်ရာလေကြောင်းခရီးစဉ် ဆိုင်းငံ့ခဲ့သဖြင့် မြန်မာနိုင်ငံတွင် ပိတ်မိနေသော ရုရှားနိုင်ငံသား များမှ နေရပ်ပြန်ရန် ဆန္ဒရှိနေသော ရုရှားနိုင်ငံသား ၁၉ ဦး အား တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ရုရှားနိုင်ငံခရီးစဉ်နှင့်အတူ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ယင်းကဲ့သို့ လိုက်ပါခွင့်ရသည့်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးနှင့် Myanmar Airways International အား အထူးပင် ကျေးဇူး တင်ရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
Image may contain: one or more people, people standing, shoes and outdoor
ဇွန်လ ၅ ရက် ကလည်း တပ်မတော် Fokker 70 လေယာဉ်ဖြင့် နီပေါနိုင်ငံတွင် ပိတ်မိနေသော မြန်မာနိုင်ငံသား ၄၁ ဦးကို သွားရောက်ခေါ်ယူရန် နီပေါနိုင်ငံသို့ထွက်ခွာစဉ် မြန်မာနိုင်ငံတွင် ပိတ်မိနေသော နီပေါနိုင်ငံသားများကိုလည်း လူသားချင်းစာနာစိတ်ဖြင့် လေယာဉ်နှင့် တစ်ပါတည်း ကူညီခေါ်ဆောင်သွားခဲ့ကြောင်း၊ အလားတူ မေလ ၂၇ ရက် ကလည်း အိန္ဒိယနိုင်ငံ ဗုဒ္ဓဂါယာတွင် ပိတ်မိနေသော သံဃာတော်များနှင့် လူပုဂ္ဂိုလ် ၈၀ ဦး တို့ကို သီတဂူဆရာတော် ဘုရားကြီးနှင့် တပ်မတော်တို့ ပူးပေါင်းကာ ပြန်လည်ခေါ်ယူပေးခဲ့ကြောင်း သတင်းရရှိသည်။
Image may contain: one or more people, people standing and outdoor
တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့

0 comments:

Post a Comment