တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ မြန်မာထေရဝါဒဗုဒ္ဓဝိဟာရ(မော်စကို)ရှိ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း
နေပြည်တော်၊ ဇွန် - ၂၅

ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စား လှယ် အဖွဲ့သည် ဇွန် ၂၄ ရက်မွန်းလွဲပိုင်းတွင် မော်စကိုမြို့ရှိ မြန်မာထေရဝါဒဗုဒ္ဓဝိဟာရ (မော်စကို)သို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ အစ္ဆရိယအား ဖူးမြော်ကြည်ညိုကြကာ လှူဖွယ်ပစ္စည်းများဆက်ကပ် လှူဒါန်းခဲ့ကြသည်။
ဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မြန်မာထေရဝါဒ ဗုဒ္ဓ ဝိဟာရ (မော်စကို) ကျောင်းထိုင်ဆရာတော်ထံ သာသနာရေးဆိုင်ရာများ၊ မော်စကို မြို့အနောက်ဘက် ကာလူးဂါမြို့အနီးရှိ ကမ္ဘာ့ရွာယဉ်ကျေးမှုပေါင်းစုံပြတိုက် ပန်းခြံ အတွင်း သီတဂူဆရာတော်ဘုရားကြီး၏ ဦးဆောင်မှုဖြင့်ရွှေစည်းခုံစေတီတော် ပုံစံတူ တည်ထားကိုးကွယ်ရန်ဆောင်ရွက်နေမှုအခြေအနေများအား တင်ပြလျှောက်ထားကြပြီး လှူဖွယ်ပစ္စည်းများ၊ နဝကမ္မအလှူငွေများနှင့် ဆရာတော်ကြီးများ၏ ဓမ္မလက်ဆောင် များ အားဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေ ကြသည်။
ယင်းနောက် ကျောင်းထိုင်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ အစ္ဆရိယ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မြန်မာထေရဝါဒ ဗုဒ္ဓဝိဟာရ (မော်စကို) ပရိဝုဏ်အတွင်း လှည့်လည်၍ သာသနိကအဆောက်အဦ သဒ္ဓမ္မဇောတိကဓဇ သိမ်တော် တည်ဆောက်သွားမည့် အခြေအနေများအား ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များ ဆွေးနွေး လျှောက်ထားခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:
Post a Comment