Monday, June 29, 2020

ဂူတာပြင်ဖြစ်စဉ်အပေါ် စစ်ဆေးဆောင်ရွက်သည့် စစ်တရားရုံး၏ ဆုံးဖြတ်ချက်နှင့် ပြစ်ဒဏ်ချမှတ်ချက်များ အတည်ပြု

ဂူတာပြင်ဖြစ်စဉ်အပေါ် စစ်ဆေးဆောင်ရွက်သည့် စစ်တရားရုံး၏ ဆုံးဖြတ်ချက်နှင့် ပြစ်ဒဏ်ချမှတ်ချက်များ အတည်ပြု

နေပြည်တော်၊ ဇွန် - ၃၀


ဂူတာပြင်ဖြစ်စဉ်နှင့် စပ်လျဉ်းသည့် စစ်တရားရုံး(Court-Martial) သည် သက်သေ စုံလင်စွာဖြင့် စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ၂၀၂၀ပြည့်နှစ်၊ အေပြီလ ၃၀ ရက်နေ့တွင် စစ်ဆေးမှုများပြီးစီးခဲ့ကြောင်း၊

စစ်တရားရုံး(Court-Martial)၏ စစ်ဆေးစီရင်မှုများအား သက်ဆိုင်ရာအတည်ပြု အာဏာပိုင်၏ ပြစ်ဒဏ်အတည်ပြုချက်ရရှိပါက ဆက်လက်ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း၊ မောင်နုကျေးရွာနှင့် ချွတ်ပြင်ကျေးရွာဖြစ်စဉ်များကို စုံစမ်းစစ်ဆေးရေးခုံ ရုံး(Court of Inquiry)ဖြင့် စစ်ဆေးဆောင်ရွက်မှုများ ဆက်လက်ပြုလုပ်သွားမည် ဖြစ်ကြောင်း ၂၀၂၀ပြည့်နှစ်၊ မေလ ၈ ရက်နေ့တွင် သတင်းထုတ်ပြန်ပြီး ဖြစ်ပါသည်။

ယခုအခါ ဂူတာပြင်ကျေးရွာဖြစ်စဉ်နှင့်စပ်လျဉ်းသည့် စစ်တရားရုံး(Court-Martial)က အရာရှိကြီးတစ်ဉီး၊ အရာရှိတစ်ဉီးနှင့် အခြားအဆင့်စစ်သည်တစ်ဉီးတို့အပေါ် သက်ဆိုင်ရာစွဲချက်အရ အပြစ်ရှိကြောင်း ဆုံးဖြတ်ချက်နှင့် ပြစ်ဒဏ် ချမှတ်ချက်တို့ကို သက်ဆိုင်ရာအတည်ပြုအာဏာပိုင်က အတည်ပြုပြီးဖြစ်ကြောင်း၊ မောင်နုကျေးရွာနှင့် ချွတ်ပြင်ကျေးရွာဖြစ်စဉ်များကို စုံစမ်းစစ်ဆေးရေးခုံရုံး (Court of Inquiry)ဖြင့် စစ်ဆေးဆောင်ရွက်မှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment