Monday, June 22, 2020

အခြေခံပညာစာသင်ကျောင်းများ၌ သန့်ရှင်းသာယာလှပရေးအတွက် ကူညီ ဆောင်ရွက်ပေး

အခြေခံပညာစာသင်ကျောင်းများ၌ သန့်ရှင်းသာယာလှပရေးအတွက် ကူညီ ဆောင်ရွက်ပေး

နေပြည်တော်၊ ဇွန် - ၂၂


ကျောင်းဖွင့်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာပညာသင်ကြား နိုင်ရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် ယနေ့တွင် နေပြည်တော်ကောင်စီ နယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ အခြေခံပညာမူလတန်းကျောင်း (သပြေကုန်း)၌ နေပြည်တော် တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများက လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့၊ အခြေခံပညာအလယ်တန်း ကျောင်း၊ ခေါင်တိုင်ကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း၊ အောင်ပန်းမြို့၊ ပင်မှီရွာမကျေးရွာ၊ အခြေခံပညာမူလတန်းလွန် ကျောင်းတို့၌ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများက လည်းကောင်း၊ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ အရှေ့တောင်တိုင်း စစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများက လည်းကောင်း၊ ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ တပ်မတော်သားများက လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီး မြို့နယ်၊ အင်းနက်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၊ တုံးတောကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်းခွဲနှင့် မုန်းမြို့၊ အခြေခံပညာမူလတန်းလွန် ကျောင်းတို့၌ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများက ကျောင်းဝင်းများ အတွင်း၊ အပြင်ရှိ ချုံနွယ် ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ စာသင်ခန်းများအတွင်း သန့်ရှင်းရေးပြုလုပ်ခြင်း၊ စာသင်ခုံများ၊ သင်ထောက်ကူ ပစ္စည်းများ ပြန်လည်ပြုပြင်ပေးခြင်း၊ အမှိုက်များရှင်းလင်းခြင်းနှင့် ပိုးသတ်ဆေးဖျန်း ပေးခြင်းစသည့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ဆောင်ရွက်ပေးနေမှုများကို ကျောက်ကြီးတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရ ရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment