COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီး၌ ဆက်လက်ဆောင်ရွက်၊ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်းများအတွက် ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး ဆက်ကပ်လှူဒါန်း
နေပြည်တော်၊ ဇွန် - ၂၀
နေပြည်တော်၊ ဇွန် - ၂၀





COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အထောက်အကူဖြစ်စေရန် အတွက် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးတွင် ဆေးအဖွဲ့များဖြင့် ကျန်းမာရေးစစ်ဆေး ပေးခြင်း၊ ဆေးဖျန်းပေးခြင်းများအပါအဝင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို နေ့စဉ် ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်အနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်၊ တပ်ကုန်းမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်တို့၌လည်းကောင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌လည်းကောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ကွမ်းလုံမြို့၊ ကျောက်မဲမြို့၊ တန့်ယန်းမြို့နှင့် မိုင်းရယ်မြို့ တို့၌လည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ အေးသာယာမြို့၊ ရွှေညောင်မြို့နယ်၊ ရပ်စောက်မြို့၊ ဟိုပုံးမြို့၊ ကလောမြို့၊ အောင်ပန်းမြို့၊ ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်မြို့၊ တီကျစ်မြို့၊ ပင်လောင်းမြို့၊ ဖယ်ခုံမြို့နှင့် ကယား ပြည်နယ်၊ လွိုင်ကော်မြို့၊ ဖားဆောင်းမြို့နယ်၊ ဘောလခဲမြို့တို့၌လည်းကောင်း၊ အရှေ့အလယ် ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ ကျေးသီးမြို့၊ မိုးနဲမြို့၊ မိုင်းနောင်မြို့၊ လွိုင်လင်မြို့၊ ကျိုင်းတောင်းမြို့၊ လဲချားမြို့၊ နမ့်စန်မြို့၊ မိုင်းပန်မြို့၊ ကွန်ဟိန်းမြို့၊ ကာလိမြို့နှင့် လင်းခေးမြို့တို့၌လည်းကောင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ လည်းကောင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်အနေဖြင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကျိုက်ထိုမြို့၊ သထုံမြို့၊ သံဖြူဇရပ်မြို့နှင့် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့၊ ကြာအင်းဆိပ်ကြီးမြို့၊ မြဝတီမြို့နှင့် သင်္ကန်းညီနောင်မြို့တို့၌လည်းကောင်း၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်အနေဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ကလိန်အောင်မြို့၊ ထားဝယ်မြို့၊ သရက်ချောင်းမြို့၊ ပုလောမြို့နှင့် တနင်္သာရီမြို့နယ်တို့၌ လည်းကောင်း၊ ရန်ကုန်တိုင်းစစ် ဌာနချုပ်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ တိုက်ကြီးမြို့နယ်၊ လှည်းကူး မြို့နယ်၊ ဒလမြို့နယ်၊ ရန်ကင်းမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ မှော်ဘီမြို့နယ်၊ သန်လျင်မြို့နယ်၊ ကော့မှူးမြို့နယ်နှင့် မရမ်းကုန်းမြို့နယ် တို့၌လည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် အနေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ကွင်းကောက်မြို့နှင့် ဟိုင်းကြီးကျွန်းမြို့တို့၌ လည်းကောင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အနေဖြင့် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နှင့် တောင်ကုတ်မြို့၌ လည်းကောင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ရွှေဘိုမြို့၊ အရာတော်မြို့၊ ဟုမ္မလင်းမြို့နှင့် မကွေးတိုင်း ဒေသကြီး၊ မကွေးမြို့တို့၌လည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ အမရပူရမြို့နယ်၊ ပြင်ဦးလွင်မြို့နယ်၊ သပိတ်ကျင်းမြို့နယ်၊ မိတ္ထီလာမြို့နယ်၊ သာစည်မြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ်နှင့် ပဒါန်းမြို့နယ်တို့၌လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် အနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ရွှေကျင်မြို့၊ ကျောက်ကြီးမြို့၊ ပြည်မြို့နှင့် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ တို့၌လည်းကောင်း ဆေးအဖွဲ့များက ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ အခြားဘာသာရေးခေါင်းဆောင်များနှင့် ဘာသာရေး အဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ပြည်သူ့စစ် အဖွဲ့ဝင်များ၊ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၊ မသန်စွမ်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မိဘမဲ့ကျောင်းများမှ ကလေးငယ်များ၊ ပရဟိတစေတနာ့ဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် မီးရထားစီးပြည်သူများကို COVID-19 ရောဂါနှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေး စစ်ဆေးပေးခြင်း၊ အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးအသိ ပညာပေးခြင်း၊ စနစ်တကျ လက်ဆေးနည်းနှင့် Face Mask အသုံးပြုနည်းတို့ကို သရုပ်ပြသခြင်း၊ လက်ကမ်းစာစောင်များ၊ စားသောက်ဖွယ်ရာများ၊ ရေမလိုလက်သန့်ဆေးရည် များနှင့် Face Mask များဖြန့်ဝေပေးခြင်း၊ အသံချဲ့စက်ဖြင့် ကျန်းမာရေးအသိပညာပေးခြင်း များကို ဆောင်ရွက်ပေးကြပြီး မြို့နယ်အသီးသီးရှိ အများပြည်သူ အသုံးပြုသောနေရာများ၌ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ဆေးဖျန်း ယာဉ်များ၊ မီးသတ်ယာဉ်များ၊ ရေသယ်ယာဉ် များဖြင့် ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက် ပေးကြသည်။ ထိုသို့ဆောင်ရွက်ပေးနေမှုများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူများက လိုက်လံကြည့်ရှုကြပြီး လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေးကြသည်။
ထို့ပြင် ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများအတွက် တပ်မတော်(ကြည်း၊ရေ၊လေ)မိသားစုများက လှူဒါန်းသည့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် (၄)မျိုးနှင့် စားသောက်ဖွယ်ရာများ၊ လှူဖွယ်ပစ္စည်းများကိုလည်းကောင်း၊ ပြည်ပမှ ပြန်လည်ရောက်ရှိလာပြီး Quarantine ဝင်ရောက်နေသည့် ပြည်သူများအား အာဟာရပြည့် ဝသော စားသောက်ဖွယ်ရာများကိုလည်းကောင်း ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်း ရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
0 comments:
Post a Comment