သူဌေးသား ဘောင်းဘီအပြဲဝတ်ထားရင်
စတိုင်လ်ပေါ့.
ဆင်းရဲသား အပြဲဝတ်တော့
စုတ်ပြတ်နေတာပေါ့..
မင်းသား မျက်လုံးနီနေတော့
အိပ်ရေးပျက်ရှာတယ်ပေါ့..
လူရွှင်တော် မျက်လံးုနီနေတော့
အရက်သောက်လို့ပေါ့..
စာတော်တဲ့ကျောင်းသား
ပုစ္ဆာအမှားကြီးတွက်ထားတော့ လျှံသွားတယ်ပေါ့
စာညံ့တဲ့ကလေး မှားတွက်တော့
ညံ့လွန်းတယ်ပေါ့..
ပိုက်ဆံရှိတဲ့သူဝတ်ထားတဲ့လက်စွပ်က
ရွှေအစစ်ပေါ့
ပလတ်စတစ်ကောက်တဲ့သူဝတ်ထားတဲ့လက်စွပ်က
ရွှေအတုပေါ့..
ခေါင်းပေါင်းဝတ်ထားရင်
အသိညဏ်ရှိတဲ့သူဖြစ်ပြီး
ဆိုက်ကားသမားက
အသိညဏ်နည်း စာမတတ်သူပေါ့..
စာရတဲ့ကျောင်းသားရဲ့စာစီစာကုံးကို
အဆုံးထိစိတ်ရှည်လက်ရှည်ဖတ်ပြီး
very good လို့မှတ်ချက်ပေးတယ်ပေါ့
စာမရတဲ့ကလေးရဲ့စာစီစာကုံးကို
နိဒါန်းနဲ့နိဂုံး နှစ်ကြောင်းလေးဖတ်ပြီး
ဆက်ကြိုးစားရန်လိုသေးသည်လို့
မှတ်ချက်ချတယ်ပေါ့.
သမီးအရင်း ချက်တဲ့ထမင်းပျော့ရင်
ဝါးရလွတ်ပြီး အစာကြေလွယ်တာပေါ့
ချွေးမ ချက်တဲ့ထမင်းပျော့ရင်
အိမ်ထောင်ရှင်မ မပီသတဲ့သူပေါ့..
တခါတခါ အထင်မကြီးတဲ့မျက်လုံးနဲ့
ကြည့်လိုက်ရင် အရာအားလုံးက အပြစ်ပိုကြီးသွားသလိုဖြစ်သွားရော..
ခင်များတို့ကျုပ်တို့လွှင့်ပစ်မိလိုက်တဲ့
အမှိုက်ပုံးထဲက အမှန်တရားတွေဟာ
သိပ်နှမြောဖို့ကောင်းနေတတ်တယ်။
ဘယ်လိုပြောရမလဲဆိုတော့
” မချစ်ရင် အပြစ်ကြီးဘဲ ” ပေါ့ဗျာ။
အပြစ်တင်ခြင်း မဟုတ်ပါ
လူ့သဘော လူ့မနောရဲ့ အခြေခံမှာကိုက အကောင်းနဲ့အဆိုးဒွန်တွဲနေတယ်လို့ပဲ ဆိုပါရစေ. .
တကယ်တော့ လူ့ဘဝဆိုတာ တိုတိုလေးပါခင်ဗျာ. . .
ခဏတာ ကြုံတွေ့ရတတ်တဲ့ လောကဓံရဲ့ ရိုက်ခတ်ခတ်မှုတွေကြား တစ်ဖက်စောင်းနင်း ဖြစ်မနေစေဖို့ မိမိကိုယ်ကို ပြုပြင်ယူရမယ် မဟုတ်လားခင်ဗျာ. . .
#Crd
Sunday, June 21, 2020
မိမိကိုယ်ကို ပြုပြင်ယူရမယ်
June 21, 2020
No comments
0 comments:
Post a Comment