Sunday, June 21, 2020

အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်၍ စာသင်ကျောင်းများအား COVID-19 ကူးစက်ရောဂါ ကာကွယ်ရေး ကရိုရင်းပိုးသတ်ဆေးဖျန်းခြင်းဆောင်ရွက်ပေး

အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်၍ စာသင်ကျောင်းများအား COVID-19 ကူးစက်ရောဂါ ကာကွယ်ရေး ကရိုရင်းပိုးသတ်ဆေးဖျန်းခြင်းဆောင်ရွက်ပေး
မိတ္ထီလာ၊ ဇွန်-၂၁
Image may contain: one or more people and outdoor
Image may contain: one or more people, sky and outdoor
Image may contain: tree, sky and outdoor
Image may contain: indoor
Image may contain: one or more people, people standing and outdoor
တပ်မတော်သည် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019(Covid-19) ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးများတွင် တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီဆောင်ရွက်လျှက်ရှိပြီး အခြေခံပညာစာသင်ကျောင်းများပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်၍ ကျောင်းသန့်ရှင်းသာယာလှပရေးလုပ်ငန်းများ၊ ဆေးဖျန်းပေးခြင်းများဆောင်ရွက်လျှက်ပေးလျှက်ရှိရာ ယနေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် မိတ္ထီလာတပ်နယ်၊ နယ်မြေခံ တပ်မတော်သားများက မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် ပင်းတလဲကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ တဲစုကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ ဝမ်းတွင်းမြို့၊ မြို့မ အခြေခံပညာအထက်တန်းကျောင်း၊ တော်ဘိုကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ ရွာရှည်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၊ ခင်ကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ တမာကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ မလှိုင်မြို့နယ်ရှိ ဖျောက်ဆိတ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ အုန်းပင်စောင့်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂)ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း၊ ဝါးခွဲကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ သက္ကယ်ကျင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ ကျွဲခြံကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ သရက်ကောင်းပင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၊ တည်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ သာလွန်အေး၊မင်းလှကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ ရွှေပေါ်ကျွန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ သာစည်မြို့နယ်၊ မယ်ဇလီကန်ရွာ အခြေခံပညာအထက်တန်းကျောင်း၊ ရွှေတုတ်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ သက္ကယ်ဒိတ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ မကျီးရိုးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ သာဂရကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၊ ရွာကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း များ၌ စာသင်ခန်းများ၊ အစည်းအဝေးခန်းများ၊ ဆရာ၊ဆရာမ နားနေခန်းများနှင့် ကျောင်းဝန်းကျင်အတွင်း နေရာများအား COVID19 ကူးစက်ရောဂါ ကာကွယ်ရေး ကရိုရင်းပိုးသတ်ဆေးရည်ဖျန်းခြင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

0 comments:

Post a Comment