စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများအား အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများက စားသောက်ရေးအခက်အခဲမရှိစေရန်အတွက် ကြက်ဥ၊ အသား၊ ဟင်းသီးဟင်းရွက်များ တန်ဖိုးသင့်ထမင်းနှင့် ဟင်းလျာများအား သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေး
မုံရွာ ဇွန် ၂၁ ရက်
မုံရွာ ဇွန် ၂၁ ရက်


လတ်တလောဖြစ်ပွားနေသော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease 2019(COVID-19)ကြောင့် သွားလာရေးကန့်သတ်ချက်များရှိပြီး ပြင်ပစားသောက်ဆိုင်များ တွင် ဝယ်ယူစားသောက်ရန် အခက်အခဲရှိသည့်အတွက် စားသောက်ရေးအခက်အခဲမရှိစေရန် အတွက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက အသား၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များရောင်းချပေးခြင်း၊ အာဟာရပြည့်ဝသော တန်ဖိုးသင့်ထမင်းနှင့်ဟင်းလျာများ ရောင်းချပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့ ပြည်သူ့ဆေးရုံ၊ ကလေးမြို့ ခရိုင်ပြည်သူ့ဆေးရုံများတွင် ဆေးရုံတက်ရောက်နေသောလူနာများ၊ လူနာစောင့်များ၊ ကျန်းမာရေးဝန်ထမ်းများအား တန်ဖိုးသင့်ထမင်းနှင့်ဟင်းလျာများအား သက်သာသောစျေးနှုန်းများဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။
0 comments:
Post a Comment