Sunday, June 21, 2020

ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ သဘင်အစည်းအရုံး အဖွဲ့ဝင်လုပ်သားများအား ၁၄ ရက်စာ ရိုက္ခာ ဆန်၊ဆီ၊ဆား၊ပဲ ထောက်ပံ့ပေးအပ်လှူဒါန်း

ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ သဘင်အစည်းအရုံး အဖွဲ့ဝင်လုပ်သားများအား ၁၄ ရက်စာ ရိုက္ခာ ဆန်၊ဆီ၊ဆား၊ပဲ ထောက်ပံ့ပေးအပ်လှူဒါန်း
ကျောက်ပန်းတောင်း၊ ဇွန်-၂၁
Image may contain: one or more people and people standing
Image may contain: one or more people and people standing
Image may contain: one or more people, people sitting and people standing
Image may contain: one or more people and people standing
Image may contain: 1 person
တပ်မတော်အနေဖြင့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး သွားလာမှုများ ကန့်သတ်ချက်များရှိလာသဖြင့် စားရေးအခက်အခဲဖြစ်ပေါ်လျှက်ရှိသော ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ သဘင်အစည်းအရုံးလုပ်သား ၈၈၂ ဦးအတွက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အရာရှိ၊စစ်သည်၊ မိသားစုများက လှူဒါန်းသော ၁၄ ရက်စာ ရိက္ခာ ဆန်၁၄၀အိတ် ၆ပြည်၊ဆီ ၂၅၈ဒ၇၅ပိဿာ၊ကုလားပဲ ၃၈၂ပိဿာ၊ဆား၂၀၀ပိဿာ
နှင့်Maskတို့အား ယနေ့နံနက်ပိုင်းတွင် ကျောက်ပန်းတောင်းမြို့နယ်၊စကားဝါခန်းမတွင် ထောက်ပံ့ပေးအပ်ခဲ့ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ကျောက်ပန်းတောင်းတပ်နယ်၊ တပ်နယ်မှူး နှင့် တာဝန်ရှိသူများ၊ ကျောက်ပန်းတောင်းမြို့နယ် သဘင်အစည်းအရုံး ဥက္ကဌ ဦးမိုးကျော် နှင့် သဘင်ပညာရှင်များ တက်ရောက်ခဲ့၍ရှေးဦးစွာ တပ်နယ်မှူးက နှုတ်ခွန်းဆက်စကားနှင့် စားသောက်ကုန်များ ပေးအပ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ​ကျောက်ပန်းတောင်းမြို့နယ် သဘင်အစည်းအရုံး ဥက္ကဌ ဦးမိုးကျော်မှ လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
ဝင်းလိူင်(စကားဝါမြေ)

0 comments:

Post a Comment