မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်ရှိ သဘင်အစည်းအရုံး အဖွဲ့ဝင်လုပ်သားများအား ၁၄ ရက်စာ ရိုက္ခာ ဆန်၊ဆီ၊ဆား၊ပဲ ထောက်ပံ့ပေးအပ်လှူဒါန်း
မိတ္ထီလာ၊ ဇွန်-၂၁





တပ်မတော်အနေဖြင့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး သွားလာမှုများ ကန့်သတ်ချက်များရှိလာသဖြင့် စားရေးအခက်အခဲဖြစ်ပေါ်လျှက်ရှိသော မိတ္ထီလာမြို့နယ်အတွင်းရှိ သဘင်အစည်းအရုံးလုပ်သား ၃၂၂ ဦးအတွက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အရာရှိ၊စစ်သည်၊ မိသားစုများက လှူဒါန်းသော ၁၄ ရက်စာ ရိက္ခာ ဆန် ၅၁ အိတ်၊ ဆီ ၉၀ ပိဿာ၊ ဆား ၇၈ ပိဿာနှင့် ပဲ ၁၃၅ ပိဿာ တို့အား ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာမြို့၊ ကိုးနဝင်းပရိယတ္တိစာသင်တိုက်တွင် ထောက်ပံ့ပေးအပ်ခဲ့ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မိတ္ထီလာတပ်နယ်၊ တပ်နယ်မှူးနှင့် တာဝန်ရှိသူများ၊ မိတ္ထီလာမြို့နယ် သဘင်အစည်းအရုံး ဥက္ကဌ ဦးဗိုလ်စတင်း နှင့် သဘင်ပညာရှင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တပ်နယ်မှူးက နှုတ်ခွန်းဆက်စကားနှင့် စားသောက်ကုန်များ ပေးအပ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မိတ္ထီလာမြို့နယ် သဘင်အစည်းအရုံး အဖွဲ့ဝင် ၃၂၂ ဦးအတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ များကို ပေးအပ်လှူဒါန်းရာ မိတ္ထီလာမြို့နယ် သဘင်အစည်းအရုံး ဥက္ကဌ ဦးဗိုလ်စတင်းမှ လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment