သူရဲကောင်းကိုစစ်သားတို့အတွက် အထူးဂုဏ်ပြု ကဗျာ

အသင်ဆင်နွှဲ
တိုက်ပွဲတိုင်းတွင်
အောင်လံသင်လွှင့်
အောင်ပွဲဝင့် နေ
အောင်မြင်စေကြောင်း
ဆုမွန်တောင်းလျှက်
အောင်ပန်းခက်ဆောင်
အောင်ဥသျှောင်လျှင်
အသင်ရယူ
ပိုင်ဆိုင်သူလေ
သင်ဖြစ်စေ နော်
ခုသော်မခြား
သင့်ထံပါးတွင်
အောင်မြင်ခြင်းစုံ
အောင်ပွဲ ဘုံစံ
ဝန်းခြံရံ ၍
အသင့်ရှေ့မှောက်
ဒူးထောက်ခစား
ဆိုက်ရောက်ငြားပါစေ
....မိုးနတ်ဒေဝီ....
MoeNat Daewe
Saturday, June 20, 2020
သူရဲကောင်းကိုစစ်သားတို့အတွက် အထူးဂုဏ်ပြု ကဗျာ
June 20, 2020
No comments
0 comments:
Post a Comment