Saturday, June 20, 2020

D.S.A (Never Surrender)

D.S.A (Never Surrender)
=================
Image may contain: 4 people, people standing and outdoor
အဲ့ဒီအိမ်လေးထဲမှာ
သွေးမတော် သားမစပ်တဲ့သူတွေ ရာနဲ့ချီရှိတယ်.......။
တက်ရတဲ့ကျောင်းဟာ
အနုပညာ ပန်ထွာကျောင်းမဟုတ်တော့......
ယောကျ်ားခြင်းအုပ်ချုပ်တဲ့အခါ.......
ယောကျ်ားလိုပဲ မာမာထန်ထန်အုပ်ချုပ်ကြတယ်.........။
အနစ်နာခံတဲ့အခါ
အကိုကြီးတစ်ယောက်လိုနဲ့......။
ရည်းစားနဲ့ကွဲတဲ့အခါ
သူငယ်ချင်းတစ်ယောက်လိုနဲ့...........။
နေမကောင်းဖြစ်တဲ့အခါ..........
မိဘအရာနဲ့......။
သွေးမတော်သားမစပ်တဲ့
ဒီညီအကိုတွေကပဲ အစစအရာရာ
သွန်သင်ခဲ့ကြတာ...
ဆုံးမခဲ့ကြတာ...........။
စာမေးပွဲတွင်းဆိုရင်........
မီးတွေပိတ်သွားသည့်တိုင်.....
ဘေးမှာ စာလာကူကျက်ပေးတဲ့
စီနီယာ ဂါဒီယန်တွေ ရှိတယ်။
စာမေးပွဲတွင်းဆိုရင်
ဗိုက်ဆာမှာစိုးလို့...
ခေါက်ဆွဲပြုတ်တွေ ပြုတ်ပြီး
လာကျွေးကြတဲ့ ဂါဒီယန်တွေရှိတယ်..။
စာမေးပွဲတွင်းဆိုရင်
အိပ်ချင်မှာစိုးလို့
ချဉ်ပေါင်းထုပ်တွေ လာပေးပြီး ဂရုစိုက်တဲ့ ဂါဒီယန်တွေရှိတယ်....။
အကိုအရင်းတစ်ယောက်တော့ မဟုတ်ဘူး။
ဒါပေမဲ့ဖြစ်လာသမျှ ကိစ္စတွေကို ရင်ဖွင့်ပြောပြလို့ရတယ်....။
မိဘတော့ မဟုတ်ဘူး................
ဒါပေမဲ့
တစ်ခုခုလိုလာရင် လိုတဲ့အရာတွေကို သူတို့ဆီမှာ
တောင်းဆိုခွင့်ရှိတယ်....။
ဆရာတပည့် ဆက်ဆံရေးတော့ မဟုတ်ဘူး
ဒါပေမဲ့
စာမေးပွဲကျရင် ...တပည့်တစ်ယောက်လို
ဆုံးမခံရမဲ့ ရိုးရာလေးတွေ ရှိတယ်.....။
ဒီပုံစံနဲ့တည်ဆောက်ခဲ့တဲ့
ဆက်ဆံရေးနယ်ပယ်ဆိုတာ
ရှေ့တန်းအတူ တက်ပြီး ရန်သူကို အတူတိုက်ရတဲ့အခါ.......
ကိုယ့် တက်ခဲ့တဲ့ ဒေါ်စိန်အေးအေးကျောင်းကို
မျက်နှာမငယ်စေချင်တဲ့ စိတ်ဆန္ဒနဲ့မာန်မာနလေးတွေရှိတယ်....။
သူတို့ အမြဲပြောတဲ့ စကားတစ်ခွန်းရှိတယ်.....
DSA Never Surrender တဲ့။

0 comments:

Post a Comment