ပုဏ္ဏားကျွန်းမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များအား AA အကြမ်းဖက်သောင်း ကျန်းသူများက နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်
နေပြည်တော်၊ ဇွန် - ၂၀


ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင် များသည် ဇွန် ၁၉ ရက် နံနက် ၅ နာရီခန့်တွင် ကျောက်ဆိပ်ကျေးရွာ၏ အနောက်တောင်ဘက် မီတာ ၁၀၀၀ ခန့်အကွာသို့ အရောက်၌ AA အကြမ်းဖက်သောင်း ကျန်းသူများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စတင်နှောင့်ယှက်ပစ်ခတ် တိုက်ခိုက်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် သောင်းကျန်းသူများ မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။ ဖြစ်စဉ်တွင် AA အကြမ်းဖက်သောင်းကျန်းသူများထံမှ ပြောက်ကျားယူနီဖောင်း ဝတ်ဆင်ထားသည့် အလောင်း ၁ လောင်း၊ အားကစား အင်္ကျီနှင့် ဘောင်းဘီဝတ်ဆင် ထားသည့် အလောင်း ၁ လောင်း၊ M-22 သေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၃ ခု၊ ၎င်းကျည် ၄၀ တောင့်၊ M-22 သေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၂ ခု၊ ၎င်းကျည် ၃၀ တောင့်၊ လက်ပစ်ဗုံး ၁ လုံးတို့ သိမ်းဆည်းရမိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ကျဆုံး၊ ဒဏ်ရာ ရရှိခဲ့သည်။ AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် ကျေးရွာများအတွင်း အရပ်သားအသွင်ဖြင့် ရောနှောနေထိုင်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ချောင်းမြောင်း ပစ်ခတ်ခြင်း၊ မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခြင်းများ ဆောင်ရွက် လျက်ရှိသည်။ အဆိုပါဒေသ နယ်မြေတည်ငြိမ်အေးချမ်းရေး၊ နယ်မြေလုံခြုံရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဒေသခံ ပြည်သူများနှင့် ပူးပေါင်း၍ လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။
0 comments:
Post a Comment