Wednesday, June 17, 2020

အမှတ်မထင် မြင်တွေ့လိုက်ရတဲ့ သူရဲကောင်းတစ်ဦး

အမှတ်မထင် မြင်တွေ့လိုက်ရတဲ့ သူရဲကောင်းတစ်ဦး

Image may contain: 2 people, indoor
တပ်မတော်အင်ဂျင်နီယာတပ်ဖွဲ့မှ တပ်မတော်စွမ်းရည်သတ္တိဘွဲ့ရရှိသူများ စာရင်းတွင် အမှတ်စဉ် (၄) ယောက်မြောက်သည် ယနေ့တိုင် သက်ရှိထင်ရှား ရှိနေသေးသည်။
၁၉၇၅ခုနှစ်၊ ဇွန်လ (၂၂)ရက်နေ့မှ (၂၇)ရက်နေ့အထိ (၆) ရက်တိုင်တိုင် ပန်ဝီ(ဂျေ-၄၄၄၆၉၄)တဝိုက်တွင် ပန်ဝီတိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်။ မြန်မာ့တပ်မတော်ဘက်မှရှေ့တန်း အမှတ်(၇)ခြေလျင်တပ်ရင်းနှင့် ဗကပ(ဗမာပြည်ကွန်မြူနစ်ပါတီ) သောင်းကျန်းသူများဘက်မှ အင်အား(၁၂၀၀)ကျော်တို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သည်။
တပ်မတော်အင်ဂျင်နီယာတပ်ဖွဲ့၊ အမှတ်(၉၀၉)စစ်မြေပြင်တပ်ခွဲ(အင်ဂျင်နီယာ)မှ ရှေ့တန်းအမှတ်(၇)ခြေလျင်တပ်ရင်းသို့ တွဲဖက် ပေးထားသည့် ကိုယ်ပိုင်အမှတ်၊ ၃၈၈၇၅၃ တပ်သား ညွန့်ရွှေ သည် ၎င်းတိုက်ပွဲကာလအတွင်း မိမိတပ်များ ခံစစ်ယူထားသည့် ခန့်မှန်း(ဂျေ-၄၃၅၆၉၅)၊ခန့်မှန်း(ဂျေ-၄၃၅၆၉၆)နှင့်ခန့်မှန်း (ဂျေ-၄၃၅၆၉၃)တဝိုက်သို့ ရန်သူ့အင်အားအလုံးအရင်းဖြင့် အနီးကပ်ဝိုင်းဝန်းပစ်ခတ်၍ အကြိမ်ကြိမ်လှံစွပ်ထိုး ဝင်ရောက်တိုက်ခိုက်စဉ် မိမိခံစစ်စည်းပတ်လည်အား မိုင်းကွင်းဆင်ခြင်း(မိုင်းထောင်ခြင်း)၊ ဖြုတ်ခြင်း၊ စစ်ဆေးခြင်းများအား ဖျတ်လတ်တက်ကြွစွာဖြင့် သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့သူဖြစ်သည်။
၃။ တပ်သားညွန့်ရွှေ၏ စွမ်းစွမ်းတမံစွမ်းဆောင်နိုင်မှုကြောင့် မိမိမိုင်းဖြင့် ရန်သူအင်အား(၅၀)ကျော်ကျဆုံး၍ (၃၀)ကျော်ပြင်းထန်စွာ ဒဏ်ရာရရှိစေခဲ့ပါသည်။ဇွန်လ(၂၄)ရက်နေ့တွင် ရန်သူ့ခြေကုတ်တောင်ကုန်း (ပွိုင့်-၃၂၂၅)ခန့်မှန်း(ဂျေ-၃၄၀၆၉၆)အား တပ်မတော်မှ ဝင်ရောက် တိုက်ခိုက်စဉ်တွင်လည်း တပ်သားညွှန့်ရွှေသည် တက်ကြွစွာပါဝင်တိုက်ခိုက်ခဲ့သည်သာမက မိမိစစ်သည်(၃)ဦးသာကျန်တော့သည့် အခြေအနေ၌ပင်လျှင် ပြောင်မြောက်သောသူရသတ္တိဖြင့် ရန်သူကိုဆက်လက်တိုက်ခိုက်ခဲ့သည်။
၄။ မိမိတပ်မတော်ဘက်မှ ကျဆုံးစစ်သည်များ၏ လက်နက်/ ခဲယမ်းပစ္စည်းများကို မရရအောင်ပြန်လည် ကောက်ယူနိုင်ခဲ့သဖြင့် လက်လွှတ်ဆုံးရှုံးရမည့် အခြေအနေသို့ ရောက်နေသည့် ဘီအေ(၇၂)ရိုင်ဖယ်(၁)လက်၊ ပွိုင့်( ၃၀)ကာဘိုင် (၁)လက်၊(၇.၆၂) ကျည်အိပ် (၆)ခု၊ စက်လတ်ပြောင်းပို(၁)ခု၊ ကျည်( ၅၀၀ )ပါ စက်လတ်ကျည်ပုံး(၁)လုံးနှင့် အမှတ်(၃၆)လက်ပစ်ဗုံး (၁)လုံးတို့အား ပြန်လည်ရရှိခဲ့ပြီး ၎င်းတိုက်ပွဲတွင် ရန်သူ(၁၅)ဦးကျဆုံး၍ (၃၂)ဦးပြင်းထန်စွာဒဏ်ရာရရှိသည်အထိ စွမ်းဆောင်နိုင်ခဲ့သည်စစ်သည်တစ်ဦး ဖြစ်ပါသည်။
၅။ ပန်ဝီတိုက်ပွဲ ပထမဂိုင်းတွင် သောင်းကျန်းသူ အများဘက်မှ မိမိတပ်မတော်ဘက်သို့ သာလွန်သောလူ၊ လက်နက်အင်အားတို့ဖြင့် ဝိုင်းဝန်းပိတ်ဆို့၍ အကြိမ်ကြိမ် လှံစွပ်ထိုးဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် အခြေအနေနိမ့်ခဲ့သော်လည်း ပတ်လည်ခံစစ်ခိုင်မာအောင် တည်ဆောက်ခဲ့ပါသည်။
၆။ လူတစ်ယောက်/ကျည်တစ်ထောင့် ကျန်သည်ထိပဆုတ်တမ်းခုခံတိုက်ခိုက်ရန် ခိုင်မာသောဇွဲစိတ်ဓါတ်ဖြင့် ရန်သူအား တန်ပြန်ခုခံချေမှုန်းတိုက်ခိုက်နိုင်ခဲ့သဖြင့် နောက်ဆုံးတွင် ဗကပများသည် အင်အား(၂၂၅)ဦးကျဆုံး၍ (၃၃)ဦး ပြင်းထန်စွာ ဒဏ်ရာရရှိသည်အထိ အရေးနိမ့်ကာ ဆုတ်ခွာထွက်ပြေးသွားခဲ့ရသည်။ ထိုကဲ့သို့သောင်းကျန်းသူများ ကျဆုံး ဒဏ်ရာရရှိခြင်းဖြင့် အရေးနိမ့်ကာဆုတ်ခွာသွားသည်အထိ တပ်မတော်ဘက်မှအောင်မြင်မှုရရှိခဲ့ခြင်းမှာ တပ်သားညွန့်ရွှေ၏ မိုင်းစစ်ဆင်နိုင်မှုဖြင့် တစ်ခန်းတစ်ကဏ္ဍပါဝင်အကျိုးသက်ရောက်မှုပြုခဲ့ပါသည်။
Image may contain: text
၇။ တပ်သားညွန့်ရွှေသည် မိမိ၏အဓိကတာဝန်ဖြစ်သောစစ်မြေပြင်အင်ဂျင်နီယာတာဝန်ကို ထူးချွန်ပြောင်မြောက် တက်ကြွသော ဇွဲစိတ်ဓါတ်ဖြင့် သက်စွန့်ကြိုးပမ်းထမ်းဆောင်ခဲ့ခြင်း၊ မိ၏အဓိကတာဝန်အပြင် ရန်သူနှင့်ရင်ဆိုင် တိုက်ခိုက်မှုများတွင်လည်း သာမန်စစ်သည်တစ်ဦးမျှမကသော စွမ်းဆောင်နိုင်မှုဖြင့် ရန်သူကို ပြင်းပြင်းထန်ထန် ရွပ်ရွပ်ချွံချွံတိုက်ခိုက်ခဲ့ခြင်း၊ မိမိဘက်တွင် စစ်သည်(၃)ဦးမျှသာကျန်ရှိတော့မှန်းသိသော်လည်း ဆုတ်ခွာခြင်းမပြုပဲ၊ လက်နက်အင်အား များစွာသာလွန်သောရန်သူတို့ကို ရင်ဆိုင်တိုက်ခိုက်ခဲ့ခြင်းနှင့် အထက်မှပေးအပ်သောတာဝန်ကို
ကျေပွန်ရုံမျှမကဘဲ တိုင်းပြည်၊ လူမျိုးနှင့်တပ်မတော်အပေါ် သက်စွန့်ကြိုးပမ်းကာ စွမ်းစွမ်းတမံဆောက်ရွက်ခဲ့မှုများကြောင့် တပ်သားညွန့်ရွှေအား "#သူရဘွဲ့ "ဖြင့် ဂုဏ်ပြုချီးမြှင့်ခဲ့သည်။
လေးစားစွာဖြင့်
#မင်းမော်
ဝေလည်းမွှေး ကြွေလည်းမွှေးပေ့ဂ်ျမှ

0 comments:

Post a Comment