တပ်ရင်း၊တပ်ဖွဲ့များမှ အိပ်ထောင်သည်ရဲမေမိသားစုဝင်များ စားရေးအဆင်ပြေစေရန် တောင်သူများထံမှ ဝယ်ယူခဲ့သော သီးနှံများအား ပြင်ပထက် သက်သာသောစျေးနှုန်းဖြင့်ရောင်းချ
မိတ္ထီလာ၊ ဇွန်-၁၇
COVID-19 ကူးစက်ရောဂါ ဖြစ်ပွားနေသဖြင့် သွားလာရေး ကန့်သတ်ချက်များရှိလာသောကြောင့် မိတ္ထီလာတပ်နယ်အတွင်းရှိ ရင်း/ဖွဲ့များမှ အိမ်ထောင်သည်ရဲမေ မိသားစုဝင်များ သက်သာချောင်ချိရေး အတွက် တောင်သူများထံမှ ဝယ်ယူခဲ့သော အာလူးများကို မိတ္ထီလာတပ်နယ် ကွပ်ကဲမှုအောက် ရင်း/ဖွဲ့များသို့ ပြင်ပထက်သက်သာသောစျေးနှုန်းဖြင့် အာလူး ၁ ပိဿာလျှင် ၆၅၀ ကျပ်ဖြင့် အာလူး ၇၀၀ ပိဿာအား မိတ္ထီလာတပ်နယ် တပ်မတော်သားများက မော်တော်ယာဥ်ဖြင့် တပ်ရင်း/တပ်ဖွဲ့အသီးသီးသို့ လိုက်လံရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။
0 comments:
Post a Comment