မြေပုံမြို့နယ်က ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေကို AA မှ နုတ်ထွက်စာတင် ခိုင်းခဲ့ခြင်းဖြစ်ကြောင်းသိရ

AA အဖွဲ့အတွက် ဆက်ကြေးကောက်၊ လူသစ်စုဆောင်းတာတွေ ပြုလုပ်ပေးခဲ့တဲ့ ရခိုင် ပြည်နယ်၊ မြေပုံမြို့နယ်က ရပ်/ကျေးအုပ်ချုပ်ရေးမှူး ၃ ဦး အကြမ်းဖက်ဥပဒေနဲ့ ဖမ်းဆီး ခံရပြီးနောက်ပိုင်းမှာ ကျန်တဲ့ရပ်/
ကျေးအုပ်ချုပ်ရေးမှူး ၅၀ ကျော်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို နုတ်ထွက်စာတင်ပြီး နုတ်ထွက်ခဲ့ကြပါတယ်။ တကယ်တော့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်ရတဲ့ အဓိက အကြောင်းရင်းက အကြမ်းဖက်ဥပဒေနဲ့ ဖမ်းဆီးနေတာတွေကြောင့်မဟုတ်ဘဲ အစိုးရရဲ့အုပ်ချုပ်ရေး ယန္တရား ပျက်စီးသွားအောင် AA အဖွဲ့က အတင်းအကြပ် နုတ်ထွက်ခိုင်းလို့ နုတ်ထွက်ခဲ့ကြတာ ဖြစ်တယ်လို့သိရပါတယ်။
အမည်မဖော်လိုသူ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးမှ “ဒီနုတ်ထွက်စာတင်ကြတာက AA ရဲ့ ခြိမ်းခြောက်မှုကို ကြောက်လို့တင်ကြတာ။ တနည်းအားဖြင့် အစိုးရကို အကြပ်ရိုက် အောင်လုပ်တာပဲ။ ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေမရှိရင် အစိုးရအုပ်ချုပ်မှု ယန္တရား လည်ပတ်ဖို့ ခက်သွားမယ်။ ဒါကို AA က သိလို့ အခုလို ခြိမ်းခြောက်ပြီး ထွက်ခိုင်းခဲ့တာ။ နောက်ပြီး AA နဲ့ဆက်သွယ်နေတဲ့ သူတို့ရဲ့အမာခံ ရပ်/ကျေးအုပ်ချုပ်ရေးမှူး တွေဆိုရင် လည်း မကြာခဏ ဖမ်းဆီးခံနေရတယ်။ အဲဒီအချိန်မှာ သူတို့လူတွေ မကျန်တော့မှာစိုးပြီး နောက်ထပ် ထပ်မဖမ်းအောင်လို့ အခုလို အုပ်ချုပ်ရေးမှူးတွေ နုတ်ထွက်စာတင်ခိုင်းပြီး အစိုးရကို ဆန္ဒပြခိုင်းတာပါပဲ။ ကျွန်တော်တို့ကတော့ နှစ်ဖက်စလုံးနဲ့ အဆင်ပြေအောင် ပေါင်းရတယ်။ သူတို့ AA တွေကိုလည်း အလိုက်အထိုက်ပေါင်းရတယ်။ အစိုးရနဲ့လည်း အဆင်ပြေအောင်ပူးပေါင်းလုပ်ကိုင်ရတယ်။ ဘယ်သူ့ကိုမှ ဘက်လိုက်တာမရှိဘူး၊ အုပ်ချုပ် ရေးမှူးမရှိလို့ ရွာတွေမှာ အုပ်ချုပ်ရေးပျက်ပြားနေတာ မဖြစ်စေချင်လို့ ကျွန်တော်လို နုတ် မထွက်ဘဲ ကျန်နေတဲ့ အုပ်ချုပ်ရေးမှူးတွေေလည်း ရှိပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။
AA အဖွဲ့က လက်ရှိအချိန်ထိ နုတ်မထွက်ဘဲ ကျန်နေသေးတဲ့ ရပ်/ကျေး အုပ်ချုပ်ရေးမှူး တွေကိုလည်း ခြိမ်းခြောက်ပြီး အတင်းအကျပ် နုတ်ထွက်ခိုင်းတာတွေ လုပ်နေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၉ ခုနှစ်တုန်းကလည်း AA အဖွဲ့ရဲ့ အတင်းအကျပ် နုတ်ထွက်ခိုင်းမှုကြောင့် ရခိုင်ပြည်နယ်က ရသေ့တောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ် တွေကရပ်/ကျေးအုပ်ချုပ်ရေးမှူး အများအပြား နုတ်ထွက် ခဲ့ကြပါသေးတယ်။
0 comments:
Post a Comment