Wednesday, June 17, 2020

AA အကြမ်းဖက်သောင်းကျန်းသူများက စိုင်ခြုံကျေးရွာအုပ်စုစာရေးဖြစ်သူအား အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်

AA အကြမ်းဖက်သောင်းကျန်းသူများက စိုင်ခြုံကျေးရွာအုပ်စုစာရေးဖြစ်သူအား အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်

နေပြည်တော်၊ ဇွန် - ၁၇



ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စိုင်ခြုံကျေးရွာအုပ်စု၊ စိုင်ခြုံကျေးရွာ(မြောက်) နေအုပ်စုစာရေးဖြစ်သူ ဦးစိုးမင်းထွန်းအား မျက်နှာတွင် အဝတ်များဖြင့်စည်းထားသော AA အကြမ်းဖက်သောင်းကျန်းသူ ၂၀ ဦးခန့်မှ နေအိမ်သို့လာရောက်၍ အကြောင်းမဲ့ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်ပြီး သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ စိုင်ခြုံကျေးရွာအုပ်စုစာရေးဖြစ်သူ ဦးစိုးမင်းထွန်းသည်နေအိမ်၌ မိသားစုနှင့် အတူရှိနေစဉ် ဇွန် ၁၆ ရက်ည ၁၂ နာရီခွဲခန့်တွင် မျက်နှာများအား အဝတ်များ ဖြင့် စည်းထားသည့် AA အကြမ်းဖက်သောင်းကျန်းသူ၂၀ ဦးခန့်ရောက်ရှိလာပြီး နေအိမ် တံခါးများအား ထုရိုက်တွန်းဖွင့် ဝင်ရောက်ကာ ဦးစိုးမင်းထွန်းအားထိုးကြိတ်ပြီး မိသားစုဝင်များကို ခြိမ်းခြောက်၍ ၎င်းင်းအား ကျောက်ဖြူမြို့၊ တောင်ရင်းရပ်ကွက်၊ ကျောက်ဖြူလေဆိပ်၏ တောင်ဘက် လမ်းမဘေးသို့ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင် သွားပြီး ၎င်းင်းနေရာ၌ပင် သတ်ဖြတ်ခဲ့ကြောင်းသိရသည်။

AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ၎င်းတို့အား ထောက်ခံအားပေးမှု မရှိသည့် ကျေးရွာသူ၊ ကျေးရွာသားများ၊ ဌာနဆိုင်ရာဝန်ထမ်းများကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ သတ်ဖြတ်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျောက်ဖြူမြို့နယ်ရဲစခန်း၌ အမှုဖွင့်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment