ပလက်ဝမြို့၊ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် အလှူရှင်များကလှူဒါန်းသည့် စားသောက်ဖွယ်ရာများကို မတူပီ-ဆမီး-ပလက်ဝလမ်းကြောင်းအတိုင်း အခက်အခဲမျိုးစုံကြားမှ တပ်မတော်က ကူညီပို့ဆောင်
နေပြည်တော်၊ ဇွန် -၂၁
နေပြည်တော်၊ ဇွန် -၂၁







ချင်းပြည်နယ်၊ ပလက်ဝဒေသတွင် AA အကြမ်းဖက်သောင်းကျန်းသူများ ဝင်ရောက်လှုပ်ရှားပြီး ဆက်သွယ်ရေးလမ်းကြောင်းများအား နည်းမျိုးစုံဖြင့် ဖြတ်တောက် ပိတ်ဆို့ခြင်းနှင့် အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်လျက်ရှိရာ အဆိုပါပလက်ဝဒေသရှိ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအတွက် ချင်းပြည်နယ် အစိုးရအဖွဲ့နှင့် အလှူရှင်များကလှူဒါန်းသည့် စားသောက်ဖွယ်ရာများနှင့် COVID-19 ရောဂါကာကွယ်ရေးအထောက်အကူပြု ဆေးပစ္စည်းများကို မတူပီ-ဆမီး-ပလက်ဝ လမ်းကြောင်းအတိုင်း ရာသီဥတုဆိုးရွားမှုကြောင့် လမ်းကြောင်းပျက်စီးလျက်ရှိသော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ မဆုတ်မနစ်ကြိုးစားအားထုတ်ပြီး တပ်မတော်မှ မော်တော်ယာဉ်များဖြင့် ကူညီပို့ဆောင်ခဲ့သဖြင့် ယနေ့ ညနေပိုင်းတွင် ပလက်ဝမြို့ သို့ရောက်ရှိခဲ့ပြီး နယ်မြေခံတပ်မှ တာဝန်ရှိသူများက ပလက်ဝမြို့၊ ကီမိုခန်းမ၌ လွှဲပြောင်းပေးအပ်လှူဒါန်းရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်လွန်းဟာနှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
0 comments:
Post a Comment