တာချီလိတ်မြို့နယ်၊ နယ်စပ်မျဉ်းအနီး လျှိုတစ်ခုအတွင်းမှ လက်နက်၊ ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ
နေပြည်တော်၊ ဇွန် -၂၁
နေပြည်တော်၊ ဇွန် -၂၁


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ယနေ့မွန်းလွဲ ၁ နာရီခွဲခန့်တွင် တာချီလိတ်မြို့၏ အနောက်တောင်ဘက် မီတာ ၂၃၀၀ ခန့်အကွာနယ်စပ်မျဉ်းအနီးရှိ လျှိုတစ်ခုသို့အရောက် ပလပ်စတစ်အိတ်ဖြင့်ထည့်၍ မြေကြီးအတွင်း ကျင်းတူး၍မြှပ်နှံထားသည့် ပွိုင့်-၄၅ ပစ္စတို သေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခုနှင့် ကျည် ၅ တောင့်၊ WY စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀ ပြား၊ စိတ်ကြွဆေးပြားအကြေ ၁၀၀ ဂရမ်ခန့်နှင့် ဘိန်းမဲ ၀ ဒသမ ၅ ကီလိုဂရမ်ခန့်(မူးယစ်ဆေးဝါးများ ခန့်မှန်းတန်ဖိုးငွေကျပ် ၆၇ သိန်းကျော်)ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
အဆိုပါ သိမ်းဆည်းရမိ လက်နက်၊ ခဲယမ်းနှင့် မူးယစ်ဆေးဝါးများကို သက်ဆိုင်ရာသို့ စနစ်တကျလွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
0 comments:
Post a Comment