သမိုင်းဆိုတာ ကြောင်လှိမ်လှေကားလို
တစ်ရစ်ပီးတစ်ရစ် တိုးတက်နေသည်ဟု
လည်းကောင်း၊

အမြဲတမ်း တိုးတက်နေခြင်း မရှိသလို
အမြဲတမ်း ဆုတ်ယုတ်ခြင်းလည်း မရှိ၊
ခေါက်ရှာဌက် ပျံသကဲ့သို့ နိမ့်ချည်မြင့်ချည်
ဖြစ်နေသည်ဟု လည်းကောင်း၊
သမိုင်းဟူသည် ရာဇာတို့၏ ရာဇဝင်မဟုတ်ပဲ
ပြည်သူတို့၏ သမိုင်းသာဖြစ်သည်ဟု လည်း
ကောင်း အယူအဆအမျိုးမျိုး ဖတ်ဖူးကြားဖူး
ခဲ့သည်။
တကယ်တော့ သမိုင်းသည် လူသားတွေ
မရှိသေးမီကပင် သြကာသလောက( သက်မဲ့ )
အနေဖြင့် ပေါ်ပေါက်နေခဲ့ပေပြီ။
လူသားများပေါက်ဖွားလာသောအခါ
ထိုသြကာသလောကကြီးသည် သက်ဝင်
လှုပ်ရှားလာတော့သည်။
သို့သော် လူသားဟူ၍ ကမ္ဘာမြေပြင်တွင်
ပေါ်ပေါက်လာစအချိန်က ရုပ်ပိုင်းရော
စိတ်ပိုင်းပါ ဖွံ့ဖြိုးတိုးတက်မှု မရှိသေး။
ကျောက်ကိုသာ လက်နက်ကိရိယာအဖြစ်
အသုံးပြုလျက် တောထဲမှ သားကောင်များကို
အစိမ်းတိုင်း စားသောက်သေးသည်။
နောင်မှ သဘာဝတရားကြီးက ပေးသည့်
မီးကို တွေ့ကြ၍ အသာံးချတတ်ကြသည်။
ထို့နောက် ကြေးခေတ် သံခေတ် စိုက်ပျိုးမွေးမြူ
ရေးခေတ် စက်မှု၊ အနုမြူ၊ အာကာသသိပ္ပံ၊ နည်းပညာ
စသဖြင့် အဆင့်ဆင့်ရောက်လာကြ၏။
လူ့သမိုင်း ဖြစ်ပေါ်တိုးတက်မှုကို ကြည့်လျှင်
သမိုင်းဦး ဘုံမြေခေတ်ဟု ခေါ်သော ပစ္စည်း
ရုပ်ဝတ္ထုများကို ပုဂ္ဂလိဂပိုင်ဆိုင်ခြင်း မရှိပဲ
သဘာဝအတိုင်း ပေါက်ရောက်သော သစ်ပင်များ
တောရိုင်း တိရစ္ဆာန်များကို ဦးရာလူက ခူးဆွတ်
ဖယ်ယူ စားသောက်ကြသဖြင့် စီးပွားရေးဟု
မပေါ်ပေါက်သေးပေ။
ထို့နောက်ပိုင်း ခေတ်ကာလများ ကြာလာသည့်အခါ
မြေယာများကို ပုဂ္ဂလိဂပိုင် သတ်မှတ်၍ ထွန်ယက်
စိုက်ပျိုးခြင်း တောရိုင်းတိရစ္ဆာန်များကို ဖမ်းဆီးပြီး
မိမိနေအိမ်ခြံဝင်းအတွင်း မွေးမြူခြင်း စသည်များ
ပြုလုပ်ချိန်မှစ၍ သမိုင်းဦးဘုံမြေစနစ် ကွယ်ပျောက်
ပြီး ပုဂ္ဂလိဂစီးပွားရေး စတင်ပေါ်ပေါက်လာသည်။
ထိုအချိန်မှစတင်၍ မြေယာအငြင်းပွားမှုများ
တိရစ္ဆာန်အပါအဝင် ပစ္စည်းအသုံးအဆောင်
ပိုင်ဆိုင်မှုကိစ္စများ ဖြစ်ပွားလာတော့သည်။
ထိုအငြင်းပွားမှုများကို အဆုံးအဖြတ်ပေးရန်
ဉာဏ်ပညာ အတွေးအခေါ်နှင့် ပြည့်စုံသူ
အကြီးအကဲများ လိုအပ်လာသည်။
ထို့ကြောင့် လူအများစု ယုံကြည်လက်ခံသူ
အကြီးအကဲတစ်ဦးကို ရွေးချယ်တင်မြှောက်
ကြသည်။
ထိုအခါမှစ၍ ခေါင်းဆောင် ဆိုသူ ပေါ်ပေါက်လာသည်။
Credit-Ko Lay nge
Sunday, June 21, 2020
လူအများစု ယုံကြည်လက်ခံသူ အကြီးအကဲတစ်ဦး
June 21, 2020
No comments
0 comments:
Post a Comment