Sunday, June 21, 2020

ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး ဆက်လက်လှူဒါန်း

Covid-19 ရောဂါ ကြိုတင်ကာကွယ်တားဆီးရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ပေးလျက်ရှိပြီး ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင်ကျောင်းများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး ဆက်လက်လှူဒါန်း
မြိတ် ဇွန် ၂၀

Image may contain: one or more people, people sitting, table and indoor
Image may contain: one or more people, people sitting, table and indoor
Image may contain: one or more people, people standing, tree, plant, grass, outdoor and nature
Covid-19 ရောဂါကြိုတင်တားဆီးကာကွယ်နိုင်ရန် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် ကွပ်ကဲမှုတပ်နယ် နယ်မြေအသီးသီးတွင် ပိုးသတ်ဆေးပက်ဖျန်းပေးခြင်း၊ အသံချဲ့စက် ဖြင့် ကျန်းမာရေးအသိပညာပေးခြင်း၊ ကျန်းမာရေးဆေးစစ်ပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်း ဒေသကြီး ကလိန်အောင်မြို့၊ ထားဝယ်မြို့၊ သရက်ချောင်းမြို့၊ ပုလောမြို့နှင့် တနင်္သာရီမြို့နယ်များရှိ ဘုန်းကြီးကျောင်း များနှင့် အခြားဘာသာရေးကျောင်းများ၊ ဌာနဆိုင်ရာရုံး များ၊ စျေး၊ ပြည်သူ့ဆေးရုံ၊ အခြေခံပညာ ကျောင်း၊ ရပ်ကွက်/ ကျေးရွာများရှိဒေသခံပြည်သူများ၊ မြို့အဝင်/အထွက် စစ်ဆေးရေးဂိတ်များ၊ အများနှင့်သက်ဆိုင်သောနေရာများအား ပိုးသတ် ဆေးဖျန်းခြင်း၊ အသံချဲ့စက်ဖြင့် ကျန်းမာရေးအသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ နှာခေါင်းစည်း Mask အသုံးပြုနည်း အသိပညာပေးခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်းနှင့် လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့သည်။
ထို့အပြင် ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများ အတွက် တပ်မတော်(ကြည်း/ရေ/လေ) မိသားစုများမှ လှူဒါန်းသည့် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် စားသောက်ဖွယ်ရာများကို လှူဒါန်းပေးခဲ့ကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment