Friday, June 19, 2020

အမှတ်(၃)စစ်ကြောရေးနှင့်တည်းခိုရေးစခန်းမှ စောင့်ကြည့်ကာလ(၂၁)ရက် ပြည့်မြောက်သူများပြန်လည်စေလွှတ်

အမှတ်(၃)စစ်ကြောရေးနှင့်တည်းခိုရေးစခန်းမှ စောင့်ကြည့်ကာလ(၂၁)ရက် ပြည့်မြောက်သူများပြန်လည်စေလွှတ်
နေပြည်တော်၊ ဇွန် ၂၀

Image may contain: fruit and food
Image may contain: fruit and food
Image may contain: one or more people and food
Image may contain: one or more people and people standing
Image may contain: one or more people, people standing and food
Image may contain: 1 person, standing
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်နိုင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် အမှတ်(၃)စစ်ကြောရေးနှင့် တည်းခိုရေးစခန်း(ရွာတော်)၌ COVID-19 ရောဂါနှင့် ပတ်သတ်၍ Facility Quarantine Site တွင် စောင့်ကြပ် ကြည့်ရှုခြင်း (၂၁)ရက်ပြည့်သူများကို ပြန်လည်စေလွှတ်လျက်ရှိရာ ဇွန်လ(၂၀)ရက်နေ့တွင် (၇)ဦးအား အရာရှိဦးစီး တပ်မတော်ယာဉ်များဖြင့် သက်ဆိုင်ရာမြို့နယ်များသို့ လိုက်လံပို့ဆောင် ပေးခဲ့ပါသည်။
လက်ရှိ အမှတ်(၃)စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် ပြည်သူ (၇၃၉) ဦး ကျန်ရှိပြီး နံနက်စာ၊ နေ့လယ်စာ၊ ညနေစာများ ကျွေးမွေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

0 comments:

Post a Comment