စဥ့်ကူးမြို့၊ မြို့နယ်ပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးရုံတက်လူနာများအတွက် တပ်မတော်က ဖြည့်စွက်အာဟာရများ သွားရောက်တိုက်ကျွေး
စဥ့်ကူး ၊ ဇွန် ၂၀
စဥ့်ကူး ၊ ဇွန် ၂၀

COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ကာလအတွင်း စဥ့်ကူးမြို့၊ မြို့နယ်ပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးရုံတက်လူနာများ စားသောက်မှုအဆင်ပြေစေရန်နှင့် အာဟာရပြည့်ဝစေရန်အတွက် ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်၊ သပိတ်ကျင်းတပ်နယ်၊ နယ်မြေခံတပ်မှ တပ်မတော်သားများက ဖြည့်စွက်အာဟာရအဖြစ် ကြက်ဥနှင့် ခေါက်ဆွဲခြောက်များ သွားရောက်တိုက်ကျွေးလှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။
0 comments:
Post a Comment