Friday, June 19, 2020

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် ဆေးရုံသုံးပစ္စည်းများ ဆက်လက်လှူဒါန်း

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် ဆေးရုံသုံးပစ္စည်းများ ဆက်လက်လှူဒါန်း

နေပြည်တော်၊ ဇွန် - ၁၉


တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ၊ ကျန်းမာရေးဌာနခွဲများ၌ ကာကွယ်ကုသရေးများတွင် အဆင်ပြေချောမွေ့စေရေးအတွက် ဆေးရုံသုံးပစ္စည်းများကို တပ်မတော်က ပေးပို့လှူဒါန်းလျက်ရှိသည်။






ယနေ့တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်အနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ပြည်စံအောင်ကျေးရွာ၊ သိုက်ချောင်းကျေးရွာ၊ နန်းသြကျေးရွာ တပ်ကုန်းမြို့နယ်၊ နွယ်ရစ်ကျေးရွာ၊ ကင်းသာကျေးရွာ၊ လက်ပံကျေးရွာ၊ နောင်သင်္ခါကျေးရွာ၊ ပျဉ်းမနားမြို့နယ်၊ ဘို့မကျေးရွာ၊ ကိုးတစ်ကျေးရွာ၊ ကင်ပွန်းတန်းကျေးရွာ၊ ဂမုန်းတောင်ကျေးရွာ၊ အောင်သာကျေးရွာ၊ လယ်ဝေးမြို့နယ်၊ ဒလန့်ချွန်ကျေးရွာ၊ ရွာသစ်ကျေးရွာနှင့် အောင်းကြီး ကျေးရွာများရှိ ကျေးလက်ကျန်းမာရေးဌာနခွဲများ၌လည်းကောင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အနေဖြင့် ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နှင့် နောင်မွန်မြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ နမ္မတီးမြို့တိုက်နယ် ဆေးရုံတို့၌လည်းကောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲနှင့် သိန်းနီတို့ရှိ ပြည်သူ့ဆေးရုံများ၊ မန်ပန်တိုက်နယ်ဆေးရုံ၊ နားနန်း(တောနေ) ကျေးလက်ကျန်းမာရေးဌာနနှင့် သံလွင်ကျေးလက်ကျန်းမာရေးဌာနတို့၌ လည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီး၊ ညောင်ရွှေမြို့၊ ရပ်စောက်မြို့နှင့် ရွာငံမြို့တို့ရှိပြည်သူ့ဆေးရုံများ၊ မိုင်းပျဉ်း၊ စံကား၊ ပင်ဖြစ်၊ ကျောက်ဂူ၊ မြိုင်၊ မိုင်းအင်၊ အောင်ပန်းမြို့၊ ဟဲဟိုးမြို့၊ ဘော်ဆိုင်း၊ နောင်တရား၊ နောင်ထော်၊ ပချားကလိုးနှင့် ဆီဘူးတို့ရှိတိုက်နယ်ဆေးရုံများ၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လောဓလေး၊ ဒီးမော့ဆိုမြို့နယ်၊ နန့်မယ်ခုံ၊ သရီးဒါး၊ မယ်စဲ့မြို့နယ်၊ ပန်တိန်းတို့ရှိ တိုက်နယ်ဆေးရုံများ၊ ဖရူဆိုမြို့၊ ရှားတောမြို့၊ ဘောလခဲမြို့နှင့် ဖားဆောင်းမြို့တို့ရှိ ပြည်သူ့ဆေးရုံများနှင့် မော်ချီး(အောက်ရွာ)တိုက်နယ်ကျန်းမာရေးဌာနတို့၌လည်းကောင်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မောက်မယ်မြို့ပြည်သူ့ ဆေးရုံနှင့် နမ့်လွတ်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနတို့၌လည်းကောင်း၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယုမြို့တိုက်နယ်ဆေးရုံ၌လည်းကောင်း၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်အနေဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ မလိဝမ်း၊ ဆိပ်ဖူးနှင့် မပုတေးတို့ရှိ ကျေးလက်ကျန်းမာရေးဌာနများ၌လည်းကောင်း၊ ရန်ကုန်တိုင်း စစ်ဌာနချုပ်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ လှည်းဆိပ်တိုက်နယ် ဆေးရုံ၌လည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်အနေဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့ရှိ မြို့နယ်ပြည်သူ့ဆေးရုံ၌လည်းကောင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့ပြည်သူ့ဆေးရုံ၌လည်းကောင်း၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်အနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်အထွေထွေ ရောဂါကုပြည်သူ့ဆေးရုံကြီး၊ ငါန်းဇွန်မြို့နယ်ပြည်သူ့ဆေးရုံနှင့် ယင်းထော်တိုက်နယ်ဆေးရုံ၊ မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်ပြည်သူ့ဆေးရုံတို့၌လည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ပဲခူးတိုင်း ဒေသကြီး၊ ဖြူးမြို့၊ မြို့စိုတိုက်နယ်ဆေးရုံ နှင့် ကျေးလက်ကျန်းမာရေးဌာန၊ ရွှေတောင်မြို့နယ်၊ ကွေ့မတိုက်နယ်ဆေးရုံနှင့် မယားမာန်ကျေးလက်ကျန်းမာရေးဌာနတို့၌လည်းကောင်း တပ်မတော်က လှူဒါန်းသော ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းSurgical Mask များ၊ ခွဲစိတ်ခန်းသုံးလက်အိတ် (Surgical Gloves) များ၊N95 Mask များ၊ Cotton Mask များ၊ Digital B. P Cuff များ၊ Personal Protective Equipment (PPE) ဝတ်စုံများ၊ မျက်မှန် (Goggles) များ၊ OT Cap များ၊ OT Gown များ၊ Face Shield များ၊ Plus Oxymeter(Finger Tip) များ၊ Non - Contact Infrared Thermometer များ၊ Examination Glove များ၊ Patient Monitor များ၊ Infusion Pump များ၊ Syring Pump များ၊ Hand Wash များ၊ အောက်ဆီဂျင် ဆလင်ဒါအိုးများ၊ သာမိုမီတာများ၊ နားကြပ်များနှင့် ရေမလိုလက်သန့်ဆေးရည်များကို တာဝန်ရှိသူများက ဆေးရုံအသီးသီးရှိ တာဝန်ရှိသူများထံသို့ ပေးအပ်လှူဒါန်းကြသည်။

ထို့ပြင် တိုင်းစစ်ဌာနချုပ်များနှင့် တပ်နယ်အသီးသီးများရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျန်းမာရေးဌာနခွဲများတို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများ၊ ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသော ပြည်သူများနှင့် ဒေသခံပြည်သူများအတွက် ဆေးဝါးများနှင့် ဘီစကစ်၊ ကြက်ဥ၊ နွားနို့၊ ကုလားပဲ၊ ငှက်ပျောသီး၊ ပေါင်မုန့်၊ ခေါက်ဆွဲခြောက်၊ အိုဗာတင်း၊ ရွှေဖီဦးလဖက်ရည်ထုပ်၊ နို့ဆီ၊ သကြား၊ ကော်ဖီမစ်(စ်)၊ တီးမစ်(စ်) စသည့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment