Monday, June 15, 2020

ကျေးရွာများသို့ ကျန်းမာရေး အသိပညာပေးဆွေးနွေးခြင်း ၊ ကျန်းမာရေးဆေးစစ်ပေးခြင်း၊ ပတ်ဝန်းကျင်နေရာများ၌ ပိုးသတ်ဆေးဖျန်းပေးခြင်း၊Mask Coverများ၊ လက်သန့်ဆေးရည်များဝေငှခြင်းများ ဆောင်ရွက်ပေး

ရန်ကုန်၊ ၁၅-၆-၂၀၂၀

COVID-19ရောဂါ ကာကွယ်ရေး အထောက်အကူဖြစ်စေရန်အတွက် ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ စေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများ၊ ဘာသာရေး အသင်းအဖွဲ့နေရာများ၊စာသင်ကျောင်းများ၊ ပြည်သူ့ဆေးရုံ၊ မြို့နယ်/တိုက်နယ် ဆေးရုံများနှင့်ဝေးကွာသည့် ကျေးရွာများသို့ ကျန်းမာရေး အသိပညာပေးဆွေးနွေးခြင်း ၊ ကျန်းမာရေးဆေးစစ်ပေးခြင်း၊ ပတ်ဝန်းကျင်နေရာများ၌ ပိုးသတ်ဆေးဖျန်းပေးခြင်း၊Mask Coverများ၊ လက်သန့်ဆေးရည်များဝေငှခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊
Image may contain: one or more people, people standing and outdoor
*​ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊မြောက်ဒဂုံကြိုးတံတားမှ ဗိုလ်မှူး ဗထူး လမ်းမကြီးအတိုင်း ၄၆လမ်းဆုံအထိလည်းကောင်း
*မင်္ဂလာဒုံမြို့နယ်၊ရန်ကုန်-ပြည်လမ်း ခရေပင်လမ်းခွဲမှ ဝါယာလက်ဈေးအထိ လည်းကောင်း
*မှော်ဘီမြို့နယ်၊ကံကလေးကျေးရွာ၌လည်းကောင်း
*တိုက်ကြီးမြို့နယ် ဥက္ကံမြို့ အနော်ရထာရပ်ကွက် ၊ ကျန်စစ်သားရပ်ကွက်များ၌လည်းကောင်း၊
*လှည်းကူးမြို့နယ် ဇရပ်ကွင်းလမ်းဆုံ၌လည်းကောင်း
*ဒလမြို့နယ်၊ဗညာဒလရပ်ကွက် ကနောင်လမ်းမကြီး၌လည်းကောင်း
ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံတပ်မတော်သားများက တပ်မတော်ဆေးဖြန်းယာဥ်များဖြင့် ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးခဲ့ပါသည်။
Image may contain: one or more people and outdoor
ထို့အတူ ရန်ကုန်တိုင်းဒေသကြီး
*အင်းစိန်မြို့နယ်ရှိ အ.မ.က(၃၈)၊ အ.လ.က(၄)၊ အ.ထ.က(၂)
* မင်္ဂလာဒုံမြို့နယ်ရှိ အ.ထ.က(၄)၊အ.ထ.က(၈)နှင့် အ.လ.က(၁၁)
*မှော်ဘီမြို့နယ်ရှိ အ.မ.က(သရက်ကုန်း)၊ အ.မ.က(ဆပ်သွားတော)နှင့်အ.မ.က(မီးသွေးဖုတ်)
*တိုက်ကြီးမြို့နယ်ရှိအ.မ.က(ကန်သာယာ)၊အ.မ.က(ရှမ်းစု)၊ အ.ထ.က(မြို့မ)
*လှည်းကူးမြို့နယ်ရှိ အ.မ.က (ပျဥ်းမကျဥ်း)၊ အ.မ.က (ဒတရ-၆၀၅)နှင့် အ.မ.က-ခွဲ(ခမရ-၇၀၉)
*သန်လျင်မြို့နယ်ရှိ အ.မ.က-လွန်(သဲဖြူကျောင်း)၊ အ.မ.က-လွန်(ငါးပြေမ)
*ကျောက်တန်းမြို့နယ် အ.မ.က(အနွယ်တော)
*ကော့မှူးမြို့နယ်ရှိအ.လ.က-ခွဲ(ကျူတောချောင်း) အ.လ.က(ဆားတိုင်မွတ်)၊ အ.မ.က(ညောင်ကုန်း) နေရာများသို့
Image may contain: outdoor
Image may contain: one or more people and indoor
တပ်နယ်အသီးသီးမှ အရာရှိ/စစ်သည်များ၊ တာဝန်ရှိသူများမှ သွားရောက်၍ ကျန်းမာရေး အသိပညာပေးဆွေးနွေးခြင်း ၊ ကျန်းမာရေးဆေးစစ်ပေးခြင်း၊ ပတ်ဝန်းကျင်နေရာများ၌ ပိုးသတ်ဆေးဖျန်းပေးခြင်း၊Mask Coverများ၊ လက်သန့်ဆေးရည်များဝေငှခြင်းများ ဆောင်ရွက်ပေးခဲ့ပါသည်။
Image may contain: one or more people and outdoor

0 comments:

Post a Comment