Monday, June 15, 2020

ရပ်စောက်မြို့မှ သာစည်မြို့သို့ ထွက်ခွာမောင်းနှင်လာသောရထား၊ ရထားဘီး တွဲချော်မှုဖြစ်ပွားရာနေရာသို့ နယ်မြေခံတပ်မတော်သားများမှ သွားရောက်၍ ဖယ်ရှားရှင်းလင်းရေး လုပ်ငန်းများဆောင်ရွက်

ရပ်စောက်မြို့မှ သာစည်မြို့သို့ ထွက်ခွာမောင်းနှင်လာသောရထား၊ ရထားဘီး တွဲချော်မှုဖြစ်ပွားရာနေရာသို့ နယ်မြေခံတပ်မတော်သားများမှ သွားရောက်၍ ဖယ်ရှားရှင်းလင်းရေး လုပ်ငန်းများဆောင်ရွက်

မိတ္ထီလာ၊ ဇွန်-၁၅

Image may contain: one or more people and outdoor
Image may contain: one or more people, plant and outdoor
၁၄-၆-၂၀၂၀ ရက်နေ့ ရှမ်းပြည်နယ် ရပ်စောက်မြို့မှ မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်သို့ ထွက်ခွာမောင်းနှင်လာသော ကျောက်တွဲရထား(တန်ချိန် ၁၆၄ တန်)တစ်စင်းသည် ကလောမြို့အနီးရှိ ဆင်တောင်ဘူတာနှင့် မြင်းဒိုက်ဘူတာအကြား ညနေ ၅:၃၀ ချိန်ခန့်တွင် ရထားဘီး တွဲချော်မှုဖြစ်ပွားခဲ့သည်ဖြစ်ရာ အဆိုပါဖြစ်ပွားရာ နေရာသို့ ယနေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မိတ္ထီလာတပ်နယ်မှ နယ်မြေခံ တပ်မတော်သားများက မြန်မာ့မီးရထားမှ အမှုထမ်း၊အရာထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ ပူးပေါင်၍ ရထားလမ်းဖွင့်လှစ်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရှိရပါသည်။
Image may contain: one or more people and outdoor
Image may contain: 1 person, outdoor
Credit-ထီလာမြေ

0 comments:

Post a Comment