Monday, June 15, 2020

KIO/KIA ဆက်ကြေးတာဝန်ခံအား တရားမဝင်ကျောက်စိမ်း ၂ တန်ကျော်၊ ငွေကျပ် ၁၈၄ သိန်းနဲ့အတူ ဖမ်းဆီးရမိပြီးနောက် KIA မှ တပ်မတော်စစ်ကြောင်းအား ရန်စတိုက်ခိုက်မှု ဖြစ်ပွား

KIO/KIA ဆက်ကြေးတာဝန်ခံအား တရားမဝင်ကျောက်စိမ်း ၂ တန်ကျော်၊ ငွေကျပ် ၁၈၄ သိန်းနဲ့အတူ ဖမ်းဆီးရမိပြီးနောက် KIA မှ တပ်မတော်စစ်ကြောင်းအား ရန်စတိုက်ခိုက်မှု ဖြစ်ပွား
ဖားကန့်၊ ဇွန် ၁၆

 Image may contain: one or more people and shoes
ကချင်ပြည်နယ် ဖားကန့်မြို့နယ် အတွင်းမှာ တပ်မတော်နှင့် KIAတို့ ပြီးခဲ့တဲ့လက တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီမှ သိရသည်။ မြန်မာ့တပ်မတော်နှင့် KIA တို့ဟာ ဖားကန့် ဒေသရှိ ဆိုင်းဖရာရွာ စပေါ့မော် ဘောလုံးကွင်းအနီးရှိ ဖားကန့်-ကပ်မော် လမ်းမကြီးပေါ်မှာ မေလ ၁၅ ရက်နေ့ မနက် (၂း၁၅)နာရီအချိန်တွင် တိုက်ပွဲပြန်လည် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ဧပြီလ ၂၉ ရက်နေ့က KIAမှ အတင်းအဓမ္မဖမ်းခေါ်သွားတဲ့ အပြစ်မဲ့ရွာသား ၉ယောက်ကိစ္စနဲ့ ပတ်သက်ပြီး ပြည်သူတွေက တိုင်ကြားလာတဲ့အတွက် KIA နဲ့ဆက်သွယ်ဖြေရှင်းဖို့ဆောင်ရွက်နေတုန်းမှာ KIA ဘက်က အခုလိုရန်ပြုတိုက်ခိုက်ခြင်းကို စတင်ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
အဆိုပါတိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ဒေသခံတစ်ဦးက "မေလ ၁၃ ရက်နေ့ထင်တယ်။အဲ့နေ့က တပ်နဲ့ရဲပေါင်းပြီး KIA က တာဝန်ခံတစ်ဦးကို ဆက်ကြေးကောက်တဲ့စာရွက်စာတမ်းတွေနဲ့ ငွေ ၁၄ သိန်းနဲ့အတူ ဖမ်းမိတယ်။သူ့ကို စစ်တော့ နောက်ထပ် ဆက်ကြေးငွေ ၁၇၄ သိန်းရယ်၊ တရားမဝင်ကျောက်စိမ်း ၂ တန် လောက်ရယ်ကို ကချင်ရိုးရာစာပေနှင့်ယဉ်ကျေးမှုရုံးမှာ ထပ်သိမ်း မိတာပေါ့၊ အာ့ဟာမိပြီး နောက်ရက်မှာပဲ တိုက်ပွဲဖြစ်တော့ ဒီကိစ္စ နဲ့ ဆက်နွယ်နေတယ်လို့တော့ ထင်မြင်မိတယ်လို့"ပြောပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၃ ရက်နေ့က တပ်မတော်နဲ့ ရဲတပ်ဖွဲ့ပူးပေါင်းအဖွဲ့က KIO သောင်းကျန်းသူအဖွဲ့ရဲ့ဆက်ကြေးတာဝန်ခံ ကရိန်တူးအောင်(ခ)ဂျမိုင်မြင့်တူးအောင်ကို ဖားကန့်မြို့ကျောက်စိမ်းမြို့တော် ဟော်တယ်မှာ ဆက်ကြေးကောက်တဲ့စာရွက်စာတမ်းများ၊ ဆက်ကြေးကောက်ထားတဲ့ငွေ ၁၈၄ သိန်းအပြင် ကျောက်စိမ်း ကုမ္ပဏီတွေဆီက တောင်းယူထားတဲ့ ကျောက်စိမ်း အလေးချိန် ၂ တန်လောက်နဲ့အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
Image may contain: one or more people, tree, outdoor and nature
အဆိုပါဖြစ်စဉ်နဲ့ပတ်သက်၍ ဖားကန့်မြို့နယ် အတွင်း အခြေစိုက် လှုပ်ရှားနေသော KIO/KIA တပ်မဟာ(၉)မှ တာဝန်ရှိသူတစ်ဦး အား ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း KIO တာဝန်ခံ တစ်ဦးဖမ်းဆီးခံရသည့်ဖြစ်စဉ်မှာ မှန်ကန်သော်လည်း ၎င်းတို့ အဖွဲ့အတွက် ရန်ပုံငွေသာကောက်ခံပြီး တရားမဝင်ကျောက်စိမ်း ကောက်ခံမှုမရှိကြောင်း ပြောသည်။ ကချင်ပြည်နယ် အတွင်း တကျော့ပြန်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာ မည့်ကို ဒေသခံပြည်သူ့များက စိုးရိမ်လျက်ရှိကြောင်း သိရသည်။
ကချင်ပြည်နယ် အတွင်း ယခုနှစ်မှာ တပ်မတော်နှင့် KIAတို့ ပထမ ဆုံးအကြိမ် တိုက်ပွဲပြန်လည်ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ရှမ်းမြောက်တွင်
အစိုးရတပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် KIA၊ TNLA နှင့် MNDAAတို့ မကြာခဏဆိုသလို တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။COVID-19 ကမ္ဘာ့ကပ်ရောဂါ ကာကွယ်ကုသနေသည့် ကာလအတွင်း အစိုးရမှ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထား သော AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များရှိသည့် နယ်မြေများကလွဲပြီး ကျန်ဒေသအားလုံးတွင် သြဂုတ်လကုန်ထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲထားကြောင်း တပ်မတော်က မေလ (၉)ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားသည်။
#ဗိုလ်မာယော် (လိုင်ဇာ)

0 comments:

Post a Comment