Monday, June 15, 2020

ဓာတ်ပုံတစ်ပုံက ပြောသောသမိုင်း

..................
ဒီဓာတ်ပုံဟာ လောက်ကိုင်တိုက်ပွဲဒေသက ပွိုင့် ၂၂၀၂ တောင်ကုန်းကို အသက်ပေါင်းများစွာ ရင်းပြီး မြန်မာနိုင်ငံအလံကို စိုက်ထူခဲ့တဲ့ တိုက်ပွဲမှတ်တမ်း ဗီဒီယိုထဲက ယူထားတဲ့ ဓာတ်ပုံပါ။

ဒီဓာတ်ပုံထဲက မြန်မာနိုင်ငံအလံ စိုက်ထူထားတဲ့ ကုန်းကမူလေးက အဲဒီတောင်ကြောနေရာက အခိုင်ခန့်ဆုံး ဘန်ကာ ဖြစ်ပါတယ်။ အဲဒီဘန်ကာထဲမှာတော့ မူးယစ်ဆေးကျွေး သံကြိုးချည် ထည့်ပြီး ပစ်ခိုင်းထားတဲ့ ရန်သူတွေရဲ့ အလောင်းတွေ ရှိပါတယ်။

သစ်တောသစ်ပင်တွေကို အရွက်တစ်ရွက်မကျန်အောင် လက်နက်ကြီးတွေနဲ့ ပစ်ထားလို့ ပြောင်ရှင်းနေတဲ့ တောင်ပေါ်က အရွက်မရှိတော့တဲ့ သစ်ပင်တွေလဲ တွေ့ရပါမယ်။

Image may contain: sky, mountain, outdoor and nature
သစ်ပင်တွေရဲ့ဘေးက ရပ်နေ၊ ခေါင်းတွေထွက် နေတာကတော့ မူးယစ်ဆေးမျိုးစုံသုံးပြီး နာမှန်း မသိ သွေးထွက်မှန်းမသိတော့တဲ့ Zombie သရဲ တစ်ပိုင်း ဖြစ်နေတဲ့ သူပုန်တွေပါ။ သူတို့တွေရဲ့ နောက်မှာတော့ သူတို့နောက်ကို ဆုတ်လာရင် ပစ်သတ်ဖို့ စောင့်နေတဲ့ ဖုန်ကြားရှင် တပ်ဖွဲ့တွေ ရှိနေပါတယ်။

ဘန်ကာရဲ့ရှေ့မှာတော့ ရန်သူနဲ့လက်တစ်ကမ်း အထိတက်ပြီး ယှဉ်ပစ်နေတဲ့ အကြောက်အလန့့်မရှိသော တပ်မတော်သားများကို ဝိုးတစ်ဝါး တွေ့ရပါလိမ့်မယ်။

ဒီတောင်ကြောတစ်လျှောက်က ရာနဲ့ချီတဲ့ဘန်ကာတွေ၊ကတုတ်ကျင်းတွေကို တိကျမှန်ကန်တဲ့ လက်နက်ကြီးအမြောက်ပစ်ကူတွေနဲ့ ပစ်ခတ်ဖျက်ဆီးပြီး ခြေလျင်တပ်တွေက ရန်သူ့စနိုက်ပါ တွေရဲ့ပစ်ခတ်မှုတွေကြားက ရအောင် သိမ်း ခဲ့ရပါတယ်။

သူတို့ စခန်းတစ်ခုတက်သိမ်းလို့ ကျားထိုးတဲ့ အချိန်တိုင်းမှာ အဝေးကနေ အမြောက်နဲ့ ပစ်ခတ်ပေးနေတဲ့ အဖွဲ့တွေ၊ စစ်မြေပြင်ယာယီဆေးခန်းမှာ ခဏထား ထားရတဲ့ ဒဏ်ရာရ စစ်သည်တွေကလဲ ကျား ဆိုပြီး လိုက်ထိုးပေးခဲ့ကြတယ်။

တစ်ချို့နေရာတွေမှာတော့ အရင်စခန်းကုန်းတွေ သိမ်းရင်းကျဆုံးခဲ့တဲ့ အရာရှိစစ်သည်တွေရဲ့ ရုပ်အလောင်းတွေကို စောင်ကြားတစ်ထည်စီ ပတ်ပြီး စုပုံထားကြတယ်။

ဒီဓာတ်ပုံရဲ့ နောက်ကွယ်မှာ တပ်မတော်သားတွေရဲ့ ရဲရင့်မှု၊ အသက်စွန့်ပြီး အမိန့်နာခံမှု၊ အပင်ပန်းအဆင်းရဲခံနိုင်မှု၊ တုနှိုင်းမဲ့ ရဲရင့်မှုတွေအပြင် စစ်သားတိုင်း စစ်သားဖြစ်ရတာကို ဂုဏ်ယူနေရစေမယ့် ဂုဏ်သိက္ခာတွေ ပါဝင်နေပါတယ်။

Credit-

0 comments:

Post a Comment