Covid-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် ဆေးရုံသုံးပစ္စည်းများ ဆက်လက်လှူဒါန်း
တောင်သာ၊ ဇွန်-၁၇
တပ်မတော်အနေဖြင့် COVID-19 ကူစက်ရောဂါဖြစ်ပွားနေသော ကာလအတွင်း တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ၊ ကျန်းမာရေးဌာနခွဲများ၌ ကာကွယ်ကုသရေးများတွင် အဆင်ပြေချောမွေ့စေရေးအတွက် ဆေးရုံသုံးပစ္စည်းများကို တပ်မတော်က ပေးပို့လှူဒါန်းလျှက်ရှိရာ ယနေ့မနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က လှူဒါန်းသည့် ဆေးရုံသုံးပစ္စည်များဖြစ်သော Surgical Mask ၆၀၀ ခု၊ Examination Gloves(100's) ၃ ဗူး၊ Surgical Gloves ၄၀ ခု၊ Goggles ၄ ခု၊ OT Gown ၁၀၀ ခု၊ OT Cap ၂၀၀ ခု၊ Face Shield ၁၀၀ ခုတို့ကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ကျောက်ပန်းတောင်းတပ်နယ်မှ နယ်မြေခံတပ်မတော်သားများက တောင်သာမြို့ ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူများထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်သတင်းရရှိပါသည်။
ဝင်းလိူင်(စကားဝါမြေ)
0 comments:
Post a Comment