မြောက်ဦး လက္ကာရွာအနီးတွင် စစ်ကြောင်းအား AA အဖွဲ့မှ ချောင်းမြောင်းတိုက်ခိုက်
ဇွန် -၁၇
ယနေ့ နံနက် ၈ နာရီ မိနစ် ၄ဝ ခန့်က မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင် စစ်ကြောင်းအား AA အဖွဲ့မှချောင်းမြောင်းပစ်ခတ်သဖြင့် တိုက်ပွဲ အချိန်အနည်းငယ်ဖြစ်ပွားသဖြင့် စစ်တွေ- ရန်ကုန်ကားအသွားအလာများ ယနေ့ နံနက် ၁ဝ နာရီ အချိန်ထိ ရပ်တန့်နေကြောင်း ဒေသခံ တစ်ဦးက ပြောသည်။
“ သေနတ်ပစ်ခတ်သံတွေကို မနက် ၈ နာရီ ၄ဝ လောက်မှာ စကြားရပါတယ်။ ၁၅ မိနစ်လောက်ဘဲ ကြာပါတယ်။ မိုးကလည်း တအားရွာနေတော့ အသေအချာတော့ မပြောတတ်ဘူး။ တိန်ညိုကနေ ဒီနေ့ မနက်ကနေ ထွက်သွားတဲ့ စစ်ကြောင်းကို AA တို့ကလက္ကာတံတားကြီး အနီးမှာ ချောင်းပစ်တာက စတာပဲ၊” ဟု တိန်ညို ဒေသခံ တစ်ဦးက ပြောသည်။
၎င်းနောက်ပိုင်း ကားသမားများ မသွားရဲသဖြင့် ကားများမှာ တစ်ဘက်တစ်ချက်စီတွင် ပိတ်မိနေကြောင်း ၎င်းက ပြောကြားသည်။
“ အခု မနက် ၁ဝ နာရီ ၅ မိနစ်ရှိပါပြီ။ ကားတွေက လမ်းပေါ် ဖြတ်သွားတာ မတွေ့ရဘူး။ ကားသမားတွေက စိုးရိမ်ပြီး မသွားကြတဲ့ အတွက် ခုလို တစ်ဘက်တစ်ချက်စီမှာ ပိတ်မိနေတာပါ” ဟု ၎င်းက ပြောကြားသည်။
AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် မြောက်ဦးမြို့နယ်အတွင်းနီးစပ်ရာကျေးရွာများတွင် ဆက်ကြေးကောက်ခြင်း၊ လူသစ်စုခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းများ အမြဲတစေ ပြုလုပ်နေသောကြောင့် တပ်မတော်စစ်ကြောင်းများမှ လိုက်လံရှင်းလင်းနေကြောင်း သိရှိရသည်။
Wednesday, June 17, 2020
မြောက်ဦး လက္ကာရွာအနီးတွင် စစ်ကြောင်းအား AA အဖွဲ့မှ ချောင်းမြောင်းတိုက်ခိုက်
June 17, 2020
No comments
0 comments:
Post a Comment