Friday, June 19, 2020

သောက်သုံးရေ ရှားပါးလျက်ရှိသော ကျေးရွာများသို့ တပ်မတော်သားများက သောက်သုံးရေများ ဖြန့်ဝေလှူဒါန်း

သောက်သုံးရေ ရှားပါးလျက်ရှိသော ကျေးရွာများသို့ တပ်မတော်သားများက သောက်သုံးရေများ ဖြန့်ဝေလှူဒါန်း

နေပြည်တော်၊ ဇွန် - ၁၉


သောက်သုံးရေရှားပါးမှုကြောင့် အခက်အခဲဖြစ်ပေါ်လျက်ရှိသော ပြည်နယ်နှင့် တိုင်းဒေသကြီးများအတွင်းရှိ ကျေးရွာများသို့ နယ်မြေခံတပ်မတော်သားများက သောက်သုံး ရေများ သွားရောက်လှူဒါန်းလျက်ရှိသည်။

ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် မိတ္ထီလာမြို့နယ်၊ ရေဝေကျေးရွာအုပ်စု၊ ထန်းတောကြီးကျေးရွာသို့ သောက်ရေသန့် ၂၀ လီတာဆံ့ ၁၂၀ ဘူးနှင့် သောက်သုံးရေဂါလန် ၁၂၀၀၊ ကဖြူကျေးရွာသို့ သောက်ရေသန့် ၂၀ လီတာဆံ့ ၃၀ ဘူး၊ သာစည်မြို့နယ်၊ ကုက္ကိုကန်ကျေးရွာသို့ သောက်ရေသန့် ၂၀ လီတာဆံ့ ၁၀၀ ဘူးနှင့် မလှိုင်မြို့နယ်၊ ထန်းတောကြီးကျေးရွာသို့ သောက်ရေသန့် ၂၀ လီတာဆံ့ ၄၀ ဘူးတို့ကို သွားရောက် ဖြန့်ဝေလှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment