Friday, June 19, 2020

လောက်ကိုင်မြို့နယ်၊ ချာလူချိုင်းရွာပျက်၌ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

လောက်ကိုင်မြို့နယ်၊ ချာလူချိုင်းရွာပျက်၌ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

နေပြည်တော် ၊ ဇွန် - ၁၉



ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက် နေသော တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၁၀ နာရီခွဲခန့်တွင် ချာလူချိုင်းရွာပျက်နေရာ အနီးရှိ အဆောက်အဦးဟောင်းတစ်လုံးအား မသင်္ကာသဖြင့်စစ်ဆေးရှာဖွေရာ မြေကျင်းတူးပြီး ကြွအိုးတစ်လုံးဖြင့် မြှုပ်နှံထားသည့် ၈၈/၁ စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား ၄၄၀၀ ပြား၊ WY စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား ၁၀၀ ပြားနှင့် ဘိန်းဖြူ ၅၀ ဂရမ်ခန့်(စုစုပေါင်း မူးယစ်ဆေးဝါးများ၏ ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၁၀၀ ကျော်)ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား လောက်ကိုင်မူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျလွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment