မြတ်စွာဘုရား၏မဟာပုရိသလက္ခဏာတော်(၃၂) ပါး ရှိသည့်အနက် အမှတ်(၂၅) ဥဏှလုံ မွေးရှင်တော်
မြတ်စွာဘုရားသည် သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်း၌ သီတင်းသုံးနေစဉ် ရဟန်းတို့အား ယောက်ျားမြတ်တို့၏
မဟာပုရိသလက္ခဏာ (၃၂) ပါးကို ဖော်ပြသည့် လက္ခဏသုတ်ကို ဟောကြားတော်မူပါသည်။
ဤသို့ ယောက်ျားမြတ်တို့၏ လက္ခဏာနှင့်ပြည့်စုံသော ယောက်ျားသည် လူ့ဘောင်၌နေခဲ့သော် စကြဝတေးမင်း၊ ရဟန်းပြုခဲ့သော် ဘုရားဖြစ်မည်ဟူသော အလားအလာ
နှစ်ပါးမှတစ်ပါး အခြား အလားအလာမရှိဟု မိန့်တော်မူပါသည်။
မဟာပုရိသ လက္ခဏာ အမှတ်(၂၅)
မျက်မှောင်နှစ်ဖက်ကြား၌ နူးညံ့၍လဲဝါဂွမ်းနှင့်တူသော၊ ဖြူစင်သော ဥဏ္ဏလုံမွေးရှင် စသည်တို့ ပေါက်ခြင်း၊ ရှေးဘဝတို့၌ လူဖြစ်စဉ်က မုသားပြောခြင်းမှရှောင်ကြဉ်၍ မှန်သောစကား၊ စွဲမြဲတည်တံ့သောစကားကိုသာ ပြောတတ်ခြင်း၊ တစ်ဖက်သားအား လိမ်လည်လှည့်စားခြင်းကို ပြုလေ့မရှိခြင်း၊ စသောကံတို့ကြောင့် ရရှိသည်။
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် ဥဏ္ဏလုံ
မွေးရှင်တော်မှ ဖြူသော ဩဒါတရောင်ခြည်တော်
ကို လွှတ်တော်မူ၏။
မြတ်စွာဘုရား၏ မဟာပုရိသလက္ခဏာတော်(၃၂) ပါး
ဆိုသည်မှာ ရိုသေ လေးမြတ်စွာ ပူဇော် ကန်တော့ အပ်သည့် အရာ ဖြစ်၏။
စေတီ ရုပ်ပွား ဗုဒ္ဓ သာသနိက ပစ္စည်းများနှင့် ပတ်သက်၍
"ခိုက်" သည်ဟု ဆိုခြင်းမှာ အလွန်ထင်ရှားသည့် ကိစ္စကြီး
ဖြစ်၏။ ခိုက်သည် ဆိုရာ၌ အထူး သတိပြုရမည့် အချက်
မှာ ရုပ်တုတော် ပုံတော် စသည်တို့က ခိုက်သည် သို့မဟုတ်
ဒုက္ခရောက်စေခြင်း မဟုတ်။
ရိုသေလေးမြတ်စွာ ပူဇော် ကန်တော့အပ်သည့် ရတနာ
သုံးပါး၌ မရိုသေ အလေးအမြတ် မပြုသော ဗုဒ္ဓ အဂါရဝ၊
ဓမ္မ အဂါရဝ၊ သံဃ အဂါရဝ စသည့် ကာယကံရှင် ပုဂ္ဂိုလ်
တို့၏ အကုသိုလ်ကပင် ' ခိုက်စေသည် ' အမှန် ဖြစ်၏။
ထို ' အဂါရဝ' တရားသည်ပင် သာသနာကွယ်ပစေသည့်
အကျင့်ဆိုးကြီးဟု ဘုရားရှင် ဟောတော်မူခဲ့ပေသည်။
ကိုးကား- ဓမ္မာစရိယ ဦးဋ္ဌေးလှိုင်၏ ဓမ္မဒူတ
Than Lwin Ū
Sunday, June 21, 2020
မြတ်စွာဘုရား၏မဟာပုရိသလက္ခဏာတော်(၃၂) ပါး ရှိသည့်အနက် အမှတ်(၂၅) ဥဏှလုံ မွေးရှင်တော်
June 21, 2020
No comments
0 comments:
Post a Comment