Sunday, June 21, 2020

ပလက်ဝမြို့၊ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တိုက်ပွဲရှောင်ပြည်သူများ အတွက် ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် အလှူရှင်များက လှူဒါန်းသည့် စားသောက် ဖွယ်ရာများကို အခက်အခဲမျိုးစုံကြားမှ တပ်မတော်က ကူညီပို့ဆောင်

ပလက်ဝမြို့၊ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တိုက်ပွဲ ရှောင်ပြည်သူများအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် အလှူရှင်များက လှူဒါန်းသည့် စားသောက် ဖွယ်ရာများကို အခက်အခဲမျိုးစုံကြားမှ တပ်မတော်က ကူညီပို့ဆောင်

နေပြည်တော် ၊ ဇွန် - ၂၁

ချင်းပြည်နယ်၊ ပလက်ဝဒေသအတွင်း AA အကြမ်းဖက်သောင်းကျန်းသူများ ဝင်ရောက်လှုပ်ရှားပြီး ဆက်သွယ်ရေးလမ်းကြောင်းများအား နည်းမျိုးစုံဖြင့် ဖြတ်တောက် ပိတ်ဆို့ခြင်းနှင့်အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်လျက်ရှိရာ အဆိုပါဒေသတည်ငြိမ် အေးချမ်းရေးနှင့် လမ်းပန်းဆက်သွယ်ရေး လုံခြုံချောမွေ့စေရေးတို့အတွက် တပ်မတော် အနေဖြင့် အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်ခဲ့သည်။

ထိုသို့ ပလက်ဝဒေသအတွင်း AA အကြမ်းဖက်သောင်းကျန်းသူများက ဆက်သွယ်ရေးလမ်းကြောင်းများ ဖြတ်တောက်ပိတ်ဆို့ခြင်း၊ ချင်းပြည်နယ် အစိုးရအဖွဲ့နှင့်NGO အဖွဲ့များက လှူဒါန်းသည့်စားသောက်ကုန်ပစ္စည်းများအားလည်း နည်းမျိုးစုံဖြင့်ဖြတ် တောက်ပိတ်ဆို့ နှောင့်ယှက်ရယူနေခြင်းများကြောင့် ဒေသတွင်း ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်လာပြီး ကုန်စည်စီးဆင်းမှုမရှိသဖြင့် ဒေသခံပြည်သူ များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တိုက်ပွဲရှောင်ပြည်သူများမှာ စားရေးအခက်အခဲများ ကြုံတွေ့လျက်ရှိသည်။

အဆိုပါပလက်ဝဒေသရှိဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် အလှူရှင်များက လှူဒါန်းသည့် စားသောက်ဖွယ်ရာများနှင့် Covid-19 ရောဂါကာကွယ်ရေး အထောက်ကူပြု ဆေးပစ္စည်းများကို မတူပီ - ဆမီး - ပလက်၀ လမ်းကြောင်းအတိုင်း ရာသီဥတုဆိုးရွား မှုကြောင့်လမ်းကြောင်းပျက်စီးလျက်ရှိသော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ မဆုတ်မနစ် ကြိုးစားအားထုတ်ပြီး တပ်မတော်မှ မော်တော်ယာဉ်များဖြင့် ကူညီပို့ဆောင်ခဲ့သဖြင့် ယနေ့ညနေပိုင်းတွင် ပလက်ဝမြို့သို့ ရောက်ရှိခဲ့ပြီး နယ်မြေခံတပ်မှတာဝန်ရှိသူများက ပလက်ဝမြို့၊ကီမိုခန်းမ၌ လွှဲပြောင်းပေးအပ်လှူဒါန်းရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်လွန်းဟာနှင့် တာဝန်ရှိသူများက လက်ခံရယူပြီးကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။

ယနေ့တွင်ချင်းပြည်နယ် အစိုးရအဖွဲ့နှင့် အလှူရှင်များက ပလက်ဝဒေသရှိ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တိုက်ပွဲရှောင် ပြည်သူများအတွက် ပေးပို့လှူဒါန်းမှုအနေဖြင့် ဆန် ၃၅၂၈ အိတ်၊ ပဲ ၈၃ အိပ်၊ ကြက်သွန်နီ ၂၁ အိတ်၊ ဆား ၁၀၂ အိတ် ၊ ဆီ၂၅ ပေပါနှင့် Covid-19 ရောဂါကာကွယ်ရေး အထောက်ကူပြု ဆေးပစ္စည်းများဖြစ်ကြောင်း သိရသည်။

ထို့ပြင် နယ်မြေခံတပ်မတော်သားများနှင့်မိသားစုများက ၎င်းတို့စားသုံးမည့် ရိက္ခာပစ္စည်းများထဲမှ ဆန်အိတ် ၁၀၀ စီကို မတ် ၁၄ ရက်နှင့် ဧပြီ ၁၅ ရက်တွင် လည်းကောင်း၊ ပလက်ဝမြို့ ပြည်သူဆေးရုံအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ)က လှူဒါန်းသည့် Covid-19 ရောဂါကာ ကွယ်ရေးအထောက်ကူပြုဆေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများကို ဇွန် ၃ ရက်နေ့တွင်လည်းကောင်းတာဝန်ရှိသူများထံသို့ ပေးအပ်လှူဒါန်းခဲ့သည်။

တပ်မတော်အနေဖြင့် ဒေသခံပြည်သူများ၏ လူမှုဘဝလုံခြုံအဆင်ပြေစေရေး လိုအပ်သည်များကူညီ ဆောင်ရွက်ပေးလျက်ရှိရာ နေထိုင်စားသောက်ရေးအခက်အခဲ ကြုံတွေ့လာပါကလည်း ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

0 comments:

Post a Comment