Monday, June 15, 2020

သောက်သုံးရေ ရှားပါးလျှက်ရှိသော ကျေးရွာ၊ဘုန်းတော်ကြီးကျောင်းများသို့ တပ်မတော်သားများက သောက်သုံးရေ များ ဖြန့်ဝေလှူဒါန်း

သောက်သုံးရေ ရှားပါးလျှက်ရှိသော ကျေးရွာ၊ဘုန်းတော်ကြီးကျောင်းများသို့ တပ်မတော်သားများက သောက်သုံးရေ များ ဖြန့်ဝေလှူဒါန်း
မိတ္ထီလာ၊ ဇွန်-၁၅
Image may contain: one or more people, people standing and outdoor 

Image may contain: one or more people, people standing, outdoor and nature
သောက်သုံးရေရှားပါးမှုကြောင့် အခက်အခဲဖြစ်ပေါ်လျက်ရှိသော ပြည်နယ်နှင့် တိုင်းဒေသကြီးများအတွင်းရှိ ကျေးရွာများသို့ နယ်မြေခံတပ်မတော်သားများက သောက်သုံးရေများ သွားရောက်လှူဒါန်းလျက်ရှိရာ ယနေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် မိတ္ထီလာတပ်နယ်၊ နယ်မြေခံတပ်မတော်သားများက မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကန်ဆွယ်ကျေးရွာနှင့် ရွာပုလကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ သုံးရေ ၂၀၀၀ ဂါလန်အားလည်းကောင်း၊ မိတ္ထီလာမြို့နယ် ညောင်ကုန်းကျေးရွာသို့ သောက်ရေသန့် ၂၀ လီတာဆံ့​ဗူး ၁၀၀ ဗူးအားလည်းကောင်း၊ မိတ္ထီလာမြို့နယ် ဘုံစုကန်ကျေးရွာသို့ သောက်ရေသန့် ၂၀ လီတာဆံ့ဗူး ၁၃၀ ဗူးအားလည်းကောင်း အသီးသီးတို့ကို သွားရောက်ဖြန့်ဝေလှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

Image may contain: one or more people, outdoor and natureImage may contain: house and outdoorImage may contain: one or more people and outdoor

0 comments:

Post a Comment