ဘုန်းတော်ကြီးကျောင်းများ၌ နေ့ဆွမ်း ဆက်ကပ် လှူဒါန်း
ပြင်ဦးလွင်၊ ဇွန် ၁၅
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်း COVID-19 ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေးတွင် အထောက်အကူပြုစေရန်နှင့် ကူးစက်ရောဂါကြောင့် သွားလာမှု ကန့်သတ်ချက်များ ရှိလာသဖြင့် ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများ၌ ဆွမ်း၊ ခဲဖွယ်များ အဆင်ပြေစေရေးအတွက် ပြင်ဦးလွင်တပ်နယ် မိသားစုများက ယနေ့နံနက်ပိုင်းတွင် တပ်ဦးမဟာဂန္ဓာရုံကျောင်းတိုက်၊ ရန်မျိုးအောင်ကျောင်းတိုက်၊ ပတ္တမြားကျောင်းတိုက်၊ ဓမ္မဒီပကျောင်းတိုက်၊ တပ်ဦးကျောင်းတိုက်၊ မဇ္ဈိမပဋိပဒါကျောင်းတိုက်၊ ပတ္တမြားတောင်ကျောင်းတိုက်၊ မဟိန္ဒာရာမမိုးညိုကျောင်းတိုက်နှင့် ဓမ္မပါလကျောင်းတိုက် အစရှိသော ဘုန်းတော်ကြီးကျောင်း ၉ ကျောင်းသို့ သွားရောက်၍ နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။


ပြည်ထောင်စုညီနောင်များ
Monday, June 15, 2020
ဘုန်းတော်ကြီးကျောင်းများ၌ နေ့ဆွမ်း ဆက်ကပ် လှူဒါန်း
June 15, 2020
No comments
0 comments:
Post a Comment