မူဆယ်မြို့နယ်၊ ကောင်းမှုတုံရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းမှ လက်နက်/ ခဲယမ်းများ နှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
ဇွန် - ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်ဝန်းကျင်တစ်ဝိုက်၌ လက်နက်ကိုင် သောင်းကျန်းသူများနှင့် ၎င်းတို့၏ အမာခံများ ခိုအောင်း လှုပ်ရှားမှုမရှိစေရေး တရားမဝင်လက်နက်ခဲယမ်းများနှင့်မူးယစ်ဆေးဝါးများ သိုဝှက်သယ်ဆောင်မှု မရှိစေရေးအတွက် ပူးပေါင်းအဖွဲ့များဖြင့် စစ်ဆေးရှာဖွေဖော်ထုတ်လျက်ရှိရာ မူဆယ်မြို့နယ်၊ ကောင်းမှုတုံရပ်ကွက်၊ ပန်လုံမိုင်ရပ်ရှိ နေအိမ်တစ်လုံးအား ယနေ့ မွန်းလွဲ ၁ နာရီခန့်တွင် သတင်းအရ ဝင်ရောက်ရှာဖွေရာ နေအိမ်၌ အိမ်ငှားနေထိုင်သူများဖြစ်သည့် လွယ်ဂျယ်မြို့၊ ဂျာယိန်ယန်ရွာမှ ယောဟန် (ဘ) ဦးလဗျအောင်နှင့် ပဲခူးမြို့၊ ဗိုလ်ကုန်းရပ်ကွက်မှ ထွန်းလင်းအောင် (ဘ) ဦးမြင့်ဇော်တို့ ၂ ဦးအား တွေ့ရှိရပြီး ထွန်းလင်းအောင်၏ အိပ်ခန်းအတွင်းရှိ မီးခံသေတ္တာအတွင်းမှ ပစ္စတိုသေနတ် ၃ လက်၊ ၎င်းကျည် ၉ တောင့်၊ ၆ ဒသမ ၃၅ ကျည် ၅၄ တောင့်၊ ကတ်တမင်းအဖြူရောင်အမှုန့် ၃ ထုပ်(၆၅ ဂရမ်)ကိုလည်းကောင်း၊ နေအိမ်မျက်နှာကျက်အတွင်းမှ အမ် ၂၂ သေနတ် ၃ လက်၊ ၎င်းကျည်အိမ် ၉ ခု၊ ၎င်းကျည် ၆ တောင့်၊ လက်ပစ်ဗုံး ၅ လုံး၊ လမ်းလျှောက် စကားပြောစက် ၃ လုံး၊ ICE အဖြူရောင် ပုံဆောင်ခဲ ၁ ကီလိုပါ ၁၂ ထုပ် (စုစုပေါင်း မူးယစ်ဆေးဝါးတန်ဖိုးငွေကျပ်သိန်း ၂၄၀၀ ကျပ်) တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
အဆိုပါ လက်နက်/ ခဲယမ်းများ၊ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား မူဆယ်မြို့မူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။
0 comments:
Post a Comment