Saturday, June 20, 2020

ရခိုင်ပါတီများ၊ နိုင်ငံရေးသမားများ ခြိမ်းခြောက်ခံနေရမှုကတစ်ဆင့် သိမြင်လာရတဲ့ AA နဲ့ ANP ပါတီရဲ့ ဆက်စပ်မှု

ရခိုင်ပါတီများ၊ နိုင်ငံရေးသမားများ ခြိမ်းခြောက်ခံနေရမှုကတစ်ဆင့် သိမြင်လာရတဲ့ AA နဲ့ ANP ပါတီရဲ့ ဆက်စပ်မှု
Image may contain: 2 people, people standing
ရခိုင်ပြည်နယ်မှာ AA အဖွဲ့ ရောက်လာတာ ကြာလာတာနဲ့အမျှ သစ္စာဖောက်လို့ စွပ်စွဲပြီး အသတ်ခံရတဲ့ ရခိုင်လူမျိုးတွေရဲ့ အရေအတွက်လည်း တဖြည်းဖြည်း များလာပါတယ်။ ဒီလိုသတ်ဖြတ်ခံရတဲ့အထဲမှာ ရခိုင်လူမျိုးတွေ ကောင်းကျိုးအတွက် အလုပ်လုပ်ပေးနေတဲ့သူ အများအပြားပါဝင်ခဲ့ပြီး AA က သူနဲ့လမ်းစဉ်မတူ၊ သူ့ကို မ ထောက်ခံတဲ့သူ အားလုံးကို ရခိုင်လူမျိုးတစ်ခုလုံးအပေါ်သစ္စာဖောက်သလို စွပ်စွဲပြီး ရက်ရက်စက်စက် သတ်ဖြတ်နေတာပဲဖြစ်ပါတယ်။
အခုလည်း ၂၀၂၀ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ AA အဖွဲ့က ရခိုင်ပြည်နယ်ထဲက နိုင်ငံရေးပါတီတွေကို သူတို့နဲ့ပူးပေါင်းဖို့၊ သူတို့ခိုင်းတဲ့ အတိုင်းလုပ်ဖို့ ပြောဆို ခြိမ်းခြောက်လာတာတွေ လုပ်လာပါတယ်။ အချို့ဆိုရင် ဖမ်းဆီးပြီး ရက်ရက်စက်စက် သတ်ဖြတ်တာကိုတောင် ခံကြရပါတယ်။ AA ရဲ့ အခုလို လုပ်ရပ်တွေကို အများဆုံး ခံနေရတာကတော့ AA ရဲ့အကြမ်းဖက်လုပ်ရပ်တွေိကို မနှစ်သက်တဲ့ နိုင်ငံရေးပါတီ၊ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ AA ရဲ့ အကြမ်းဖက်လုပ်ရပ်ကြောင့် ရခိုင်လူမျိုးတွေ ထိခိုက်နေရတယ်ဆိုပြီး AA ကိုဆန့်ကျင်နေတဲ့ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးပါတီ တွေပဲ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ AA အဖွဲ့က ရခိုင်နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားတွေကို အခုလို ခြိမ်းခြောက်သတ်ဖြတ်နေပေမယ့် ရခိုင်ပါတီတစ်ခုဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ (ANP) ကိုတော့ ဘာမှ လုပ်တာ မတွေ့ရပါဘူး။ ဒါ့အပြင် ANP နဲ့ ပြိုင်ဘက်ဖြစ်တဲ့ ပါတီတွေ ကိုတောင် AA က ခြိမ်းခြောက်မှုတွေ လုပ်ပေးနေပါသေးတယ်။ ဒါတွေကိုကြည့်ခြင်း အားဖြင့် ANP ပါတီဆိုတာ AA အဖွဲ့နဲ့ ဆက်စပ်နေတဲ့ ပါတီ တစ်ခု ဖြစ်နေတယ် ဆိုတာကို သိမြင်နိုင်ပါတယ်။ ပြောရမယ်ဆိုရင် AA က မြေအောက် အဖျက်လုပ်ငန်း တွေ လုပ်နေပြီး ANP က မြေပေါ် လှုပ်ရှားနေတဲ့ အဖွဲ့လိုပါပဲ။ ဒါကြောင့်သာ AA အဖွဲ့က ANP ရဲ့ ပြိုင်ဘက်မှန်သမျှကို အမျိုးသားသစ္စာဖောက်ဆိုတဲ့ ခေါင်းစဉ်နဲ့ ရက်ရက်စက်စက် နှိမ်နင်းနေတာပါ။ ANP ပါတီဝင် လွှတ်တော်အမတ် အချို့က AA ခေါင်းဆောင်တွေနဲ့ ဆက်စပ်ပတ်သက်နေမှုတွေကလည်း AA နဲ့ ANP တို့ရဲ့ ပတ်သက်မှု အပိုင်းကို ပိုပြီး ထင်ရှားစေပါတယ်။ ANP ပါတီက လွှတ်တော်အမတ် ဒေါ်ထုမေဆိုရင် AA ဒုခေါင်းဆောင် ညိုထွန်းအောင်နဲ့ လက်ထပ်ထားတယ်ဆိုတဲ့ သတင်းတွေတောင် ထွက်ခဲ့ဖူးပါတယ်။

#နေမောင်

0 comments:

Post a Comment