Service Bar
(၁) ဆားဗစ်တန်းအပေါ်ဆုံးက နံပါတ်(၁)ကတော့`နိုင်ငံတော်စစ်မှုထမ်းတံဆိပ်´ပါ ..
စစ်မှုထမ်းသက် ၃၆၅ ရက်(၁ နှစ်) ပြည့်ပြီးတဲ့တပ်မတော်သားတိုင်းကို ချီးမြှင့်ပါတယ် ..
(၂) နံပါတ်(၂)ကတော့ `ပြည်သူ့စစ်တိုက်ပွဲဝင်တံဆိပ်´ပါ ..စစ်မှုထမ်းသက် ၃၆၅ ရက်(၁ နှစ်) ပြည့်ပြီးတဲ့တပ်မတော်သားတိုင်းကို ချီးမြှင့်ပါတယ် ..
(၃) နံပါတ်(၃)ကတော့ `စစ်မှုထမ်းသက်တံဆိပ်´ပါ ..ပုံထဲက နမူနာကတော့ စစ်မှုထမ်းသက် (၁၅)နှစ်ပြည့်ပြီးတဲ့တပ်မတော်သားတိုင်း တပ်ဆင်ရမယ့် တံဆိပ်ပါ ..
#{မှတ်ချက် ~ တံဆိပ်ရဲ့ ဘယ်ဘက်ကအဖြူတန်း(၁)တန်းဟာစစ်မှုထမ်းသက် (၅)နှစ်ကို ကိုယ်စားပြုပါတယ် ။အဖြူတန်း(၂)တန်းဟာ (၁)နှစ်/(၅) နှစ် မှ (၁၀) နှစ်ကို ကိုယ်စားပြုတာပါတယ်}
(၄) နံပါတ်(၄)ကတော့ `ရွှေလင်းယုန်တိုက်ပွဲတံဆိပ်´ပါ ..မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ရွှေလင်းယုန်စစ်ဆင်ရေးမှာတိုင်းပြည်အတွက် အသက်ပေးလှူခဲ့တဲ့၊တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ တပ်မတော်သားတွေအတွက်
ဂုဏ်ပြုထားတာပါ ..
(၅) နံပါတ်(၅)ကတော့ `လောက်ကိုင်တိုက်ပွဲတံဆိပ်´ပါ ..အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ ပြည်တော်သာစစ်ဆင်ရေးမှာတိုင်းပြည်အတွက် အသက်ပေးလှူခဲ့တဲ့၊တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ တပ်မတော်သားတွေအတွက်
ဂုဏ်ပြုထားတာပါ ..
(၆) နံပါတ်(၆)ကတော့ `ခြေလျင်အရာခံဗိုလ်သင်တန်းတံဆိပ်´ပါ ..ခြေလျင်အရာခံဗိုလ်သင်တန်းကို တက်ရောက်ပြီးဖြစ်တဲ့ဆရာကြီး/ဗိုလ်လေးများ တပ်ဆင်ရပါတယ် ..
(၇) နံပါတ်(၇)ကတော့ `အကြပ်ကြီးသင်တန်းတံဆိပ်´ပါ ..ခြေလျင်အကြပ်ကြီးသင်တန်းကို တက်ရောက်ပြီးဖြစ်တဲ့ဆရာ/ဆရာကြီးများ တပ်ဆင်ရပါတယ် ....
(၈) နံပါတ်(၈)ကတော့ `အကြပ်ငယ်သင်တန်းတံဆိပ်´ပါ ..ခြေလျင်အကြပ်ငယ်သင်တန်းကို တက်ရောက်ပြီးဖြစ်တဲ့ဆရာများ တပ်ဆင်ရပါတယ် ....
Credit-
Tuesday, June 16, 2020
Service Bar
June 16, 2020
No comments
0 comments:
Post a Comment