Friday, June 19, 2020

မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး (ခုတင်- ၁၀၀၀)သို့ ICU Ventilator ၁ လုံး လာရောက်လှူဒါန်း

မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး (ခုတင်- ၁၀၀၀)သို့ ICU Ventilator ၁ လုံး လာရောက်လှူဒါန်း

နေပြည်တော်၊ ဇွန်- ၁၉


ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး(ခုတင်- ၁၀၀၀)၌ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် Zeya & Associates Co. Ltd. က ငွေကျပ်သိန်း ၂၇၀ တန်ဖိုးရှိICU Ventilator ( Model: VG 70) ၁ လုံး ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဆေးရုံ၌ပြုလုပ်ရာ ဆေးရုံတပ်မှူး ဗိုလ်မှူးချုပ် မြင့်ဇော်နှင့် အလှူရှင်များ တက်ရောက်ကြသည်။

ဦးစွာ ဆေးရုံတပ်မှူးက နှုတ်ခွန်းဆက်စကားပြောကြားပြီး အလှူရှင် Zeya & Associates Co. Ltd. မှ CEO ဖြစ်သူ ဦးဇေယျသူရမွန်က လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် အလှူရှင်ကုမ္ပဏီမိသားစုက ICU Ventilator ၁ လုံးကို ပေးအပ်လှူဒါန်းရာ ဆေးရုံတပ်မှူးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည် ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment