အခြေခံပညာစာသင်ကျောင်းများ၌ သန့်ရှင်းသာယာလှပရေးအတွက် ကူညီဆောင်ရွက်ပေး
နေပြည်တော်၊ ဇွန် - ၁၆
ကျောင်းဖွင့်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာပညာသင်ကြား နိုင်ရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ အမှတ်(၇)အခြေခံပညာ အထက်တန်းကျောင်း၊ ရွှေညောင်မြို့၊ ဟက်ကယ်ကျေးရွာ၊ အခြေခံပညာအထက် တန်းကျောင်း၊ ညောင်ရွှေမြို့၊ သပြေပင်ကျေးရွာ၊ အောင်ပန်းမြို့၊ ပင်မှီကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)နှင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း(မိုင်းလုံး)တို့၌ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများကလည်းကောင်း၊ မွန်ပြည်နယ်၊ ရေးမြို့၊ အခြေခံပညာမူလတန်း ကျောင်း၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့၊ အခြေခံပညာအထက်တန်းကျောင်းနှင့် လှိုင်းဘွဲ့မြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတို့၌ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများကလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ တမာခေါကျေးရွာ၊ ရေအိုးစဉ်ကျေးရွာတို့ရှိ အခြေခံပညာမူလတန်းလွန်ကျောင်း၊ တုံတော ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲတို့၌ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ တပ်မတော်သားများကလည်းကောင်း ကျောင်းဝင်းများအတွင်း၊ အပြင်ရှိ ချုံနွယ် ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ စာသင်ခန်းများအတွင်း သန့်ရှင်းရေးပြုလုပ်ခြင်း၊ စာသင်ခုံများ၊ သင်ထောက်ကူပစ္စည်းများ ပြန်လည်ပြုပြင်ပေးခြင်း၊ အမှိုက်များရှင်းလင်းခြင်းနှင့် ပိုးသတ်ဆေးဖျန်းပေးခြင်းစသည့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ယင်းသို့ဆောင်ရွက်ပေးနေမှုများကို တပ်နယ်အသီးသီးမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
Tuesday, June 16, 2020
အခြေခံပညာစာသင်ကျောင်းများ၌ သန့်ရှင်းသာယာလှပရေးအတွက် ကူညီဆောင်ရွက်ပေး
June 16, 2020
No comments
0 comments:
Post a Comment