Saturday, June 20, 2020

စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်

စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်
ရန်ကုန်၊ ၂၀-၆-၂၀၂၀

Image may contain: tree and outdoor
Image may contain: one or more people, tree and outdoor
Image may contain: one or more people, plant, tree and outdoor
Image may contain: one or more people, tree, plant, outdoor and nature
Image may contain: tree, plant, outdoor and nature
ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)အတွင်း/အပြင် နှင့် ပတ်ဝန်းကျင်နေရာများ၊သံဃာတော်များ သီတင်းသုံးသည့် သီတင်းသုံးအဆောင်များ၏ ပတ်ဝန်းကျင်နေရာများ၌ မိုးရာသီကာလအတွင်း ခြင်အန္တရာယ်ကင်းဝေးရေးနှင့် သန့်ရှင်းသာယာမှုရှိစေရေးအတွက်
ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် ရန်ကုန်တပ်နယ်မှ နယ်မြေခံတပ်မတော်သားများက အမှိုက်များရှင်းလင်းခြင်း ၊ ရေနုတ်မြောင်းများ ပြန်လည်တူးဖော်ပေးခြင်း ချုံနွယ်ပေါင်းမြတ်များနှင့် အမှိုက်များခုတ်ထွင်ရှင်းလင်းခြင်း၊ ထွက်ရှိလာသည့် အမှိုက်များအား တပ်မြို့စည်ပင်သာယာရေးအဖွဲ့(ရန်ကုန်)မှ အမှိုက်သယ်ယာဥ်များဖြင့် လွတ်ကင်းရာသို့ သယ်ဆောင်ပေးခြင်း စသည့် စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ပေးခဲ့ပါသည်။

0 comments:

Post a Comment